မှော်ဘီမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၁၂.၁၂.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊ ပြည်လမ်းတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

            ဟောပြောပွဲတွင် မှော်ဘီမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊ ပြည်လမ်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဦးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ဒေါ်ဖြူဖြူမြင့် ဒုကြီးကြပ်ရေးမှူးက စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ အသင့်စားမုန့်များနှင့် အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်၊ စားသုံးသူများသည် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် အခြားတိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်း အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ ဆရာမ(၁၄)ဦး၊ ကျောင်းသား/ ကျောင်းသူ (၆၈)ဦး စုစုပေါင်း (၈၂)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)