
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့ ဖြန့်ဖြူးရောင်းချနေခြင်းရှိ/ မရှိကို ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်းအပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကော့မှူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဈေးတာဝန်ခံ ဦးအေးသွင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်း ၍ စည်ပင်သာယာမြို့မဈေးအတွင်းအပြင်ရှိ ကုန်ခြောက်ဆိုင်များမှ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မိမိတို့အနေဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့အား မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြနမာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါရှိသော အမှတ်တံဆိပ် စားသုံးဆီအမျိုးမျိုးတို့ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်နှင့် စံချိန်စံညွှန်းနှင့်မကိုက်ညီသော၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့သာ ဈေးကွက်အတွင်းဝယ်ယူ ဖြန့်ဖြူးခြင်းများမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး ကုန်ခြောက်ဆိုင်များရှိ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)