
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ပဲခူးမြို့နယ် အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် အဖွဲ့သည်(၁၁.၁၂.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့်ပက်သက်၍ စားသုံးသူများထိခိုက်နစ်နာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါသော ကုန်စည်များကိုသာဝယ်ယူ သုံးစွဲကြရန်ဟောပြောခဲ့ပါသည်။ ဟောပြောပွဲတွင် ဆရာမများနှင့် ကျောင်းသား/ကျောင်းသူပေါင်း (၂၅၆)ဦး ခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)