ရေတာရှည်မြို့တွင် စာပေဝါသနာရှင်များအား အွန်လိုင်းတွင်ဈေးဝယ်ယူခြင်းနှင့်ပတ်သက်၍ အသိပညာပေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဒီဇင်ဘာ လ ၁၁ ရက်နေ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရေတာရှည်မြို့နယ်ရုံး၌ ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် စာပေဝါသနာရှင်များအား အွန်လိုင်းတွင်ဈေးဝယ်ယူခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။

              စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် အွန်လိုင်းတွင်ဈေးဝယ်ခြင်းနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်မှုပုံစံများ၊ စိစစ်သင့်သည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာန၏ ဆောင်ရွက်ချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

              ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် စာပေဝါသနာရှင်(၈)ဦး တက်ရောက်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)