ပြည်မြို့မှရွှေဖရုံသီးဈေးကွက်

Powered by Drupal

             ရွှေဖရုံသီးသည် များသောအားဖြင့် လုံးဝန်း၍ ထိပ်နှစ်ဖက်ပြားသည်။ ဘေးတွင်အမွှာအမြောင်းများဖြစ်နေပြီး အသီး၏လုံးပတ်သည်တစ်ခါတစ်ရံခုနှစ်လက်မမှ ရှစ်လက်မအထိရှိတက်သည်။ မျိုးလုပ်ရန်ထားသောအသီးသည် တစ်ခါတစ်ရံပိဿာ (၆၀)မှ (၁၀၀)အထိလေးတက်ကြပါသည်။ အခွံသည်မာ၍ အရောင်အမျိုးမျိုးဖြစ်သည်။ နုစဉ်အစိမ်းပေါ်တွင် အစက်ပြောက်များရှိ၍ ရင့်လာသည့်အခါ ဝါညိုညိုပေါ် ၌အစက်အပြောက်များရှိလာသည်။ အခွံမှအသား ကိုထုတ်၍ အခွံကိုအခြောက်လှမ်းပြီးလျှင် ခွက်အဖြစ် သုံးစွဲကြသည်။ အတွင်းသားသည် နုသည့်အခါ ဝါဖျော့ဖျော့ဖြစ်၍ ရင့်သည့်အခါ ဝါရင့်ရင့်ရွှေရောင်ဖြစ်သည်။ အသီးနုသည့်အခါ အသားအနည်းငယ်ပွသော်လည်း အသီးရင့်သည့်အခါ ကျစ်လာသည်။ ရင့်သည့်အသားကိုချက်ပြုတ်စားသည့်အခါ အလွန်စေးသည်။ အူလည်သားပွ၍ အစေ့ရှိသည်။ အစေ့ကိုဆားဖြင့်လှော်၍ ယင်းအထဲမှ အဆန်ကိုစားသည့်အခါ ဆိမ့်သောအရသာရှိပါသည်။ ရွှေဖရုံသီးသည်ဗူးသီးကဲ့သို့မဟုတ်ပဲ ခြောက်သွေ့သောနေရာ၌ ကြာရှည်စွာအထားခံပါသည်။

          ရွှေဖရုံသီးကို ပြည်မြို့နယ်ဈေးကွက်များတွင် ရောင်းချကြပြီး အလုံးကြီးတစ်လုံးလျှင် (၃၀၀၀-၃၅၀၀)ကျပ်ရောင်းချကြပြီး အလုံးလတ် တစ်လုံးလျှင် (၂၀၀၀-၂၅၀၀)နှုန်းဖြင့် ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)