ပြည်ဒေသထွက်ကြက်ဟင်းခါးသီး

Powered by Drupal

              ကြက်ဟင်းခါးသီးကို ပြည်မြို့နယ်အတွင်းရှိကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြသလို ခြံစည်းရိုးများတွင်လည်း မိသားစုစားသုံးရန်အတွက် စိုက်ပျိုးကြပါသည်။ စီးပွားဖြစ်စိုက်ပျိုးကြသော ကြက်ဟင်းခါးသီးပင်ကို မိုးဦးကျကာလဖြစ်သော မေလနှင့် ဇွန်လတွင် စိုက်ပျိုးကြသလို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်လည်း စိုက်ပျိုးကြပါသည်။ ကြက်ဟင်းခါးပင်၏ သက်တမ်းမှာ (၇၅)ရက်မှ (၉၂)ရက်ထိရှိသည်ဟု သိရပါသည်။ ကြက်ဟင်းခါးပင်ကို စီးပွားဖြစ်စိုက်ပျိုးလျင် တစ်ဧကကို အလုံးရေ(၃)သောင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် ဈေးများ၌ ကြက်ဟင်းခါးသီးများကို ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများမှ လာရောက်ရောင်းချကြပါသည်။ ဈေးနှုန်းအနေဖြင့် သြဂုတ်လတတိယအပတ်တွင် ကြက်ဟင်းခါးသီး(အရှည်) တစ်လုံး လျှင် ၂၀၀ကျပ်ဖြင့်ရောင်းချပြီး၊ ကြက်ဟင်းခါးသီး(အသေး)အောင်ဗလမျိုးကိုတော့ တစ်ဆယ် ကျပ်သား လျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)