ဆေးဖက်ဝင်အရသာကောင်းမွန်သည့်ယာဂွန်ဥ

Powered by Drupal

           ယာဂွန်ဥကိုရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းလောင်းမြို့နယ်၊ နောင်တရားဒေသ၊ ပေါင်းလောင်း ဒေသတို့တွင်စီးပွားဖြစ်စိုက်ပျိုးကြပြီး ကလောနှင့်တောင်ကြီးဘက်တွင်လည်း အများအပြားစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ယာဂွန်ဥကိုနှစ်စဉ် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်တူးဖော်ကြပြီးဈေး ကွက်အတွင်းသို့ (၁)ပိဿာလျှင် ၃၀၀၀၊ ၃၅၀၀ကျပ်ဖြင့်ရောင်းချကြပါသည်။ ယာဂွန်ဥစိုက်ပျိုးခြင်း သည်တောင်သူများအတွက်စီးပွားဖြစ်တွက် ခြေကိုက်သောသီးနှံဖြစ်ပါသည်။

             ယာဂွန်ဥသည်ကန်စွန်းဥနှင့်ဆင်တူပြီး အရသာနှင့်အာဟာရတန်ဖိုးမှာ မတူဘဲကွဲပြားသည်ကို လေ့လာသိရှိရပါသည်။ အရသာမှာပန်းသီး၊ဖရဲသီးနှင့်တရုတ်နံနံကို ပေါင်းစားရသလိုမျိုးဖြစ်ပြီး မြေအောက်ပန်းသီးလို့ပင်တင်စားခေါ်ဝေါ်ကြပါသည်။အစိမ်းစားလျှင် ချိုပြီးကြွပ်ရွကာ အရည်ရွှမ်းသော အသီးတစ်မျိုးဖြစ်ပါသည်။

           ယာဂွန်ဥတွင်ရေဓာတ်ပါဝင်မှု ၇၅ %၊ ကာဗွန်ဟိုက်ဒရိတ် ၂၀ %၊ အသားဓာတ် ၂ %၊ အဆီ၁%၊ သကြား၊ ဖိုက်ဘာ၊ ဗိုက်တာမင်စီ၊ ကယ်ဆီယမ်၊ ပိုတက်ဆီယမ်နှင့် ပြာဓာတ်တို့ပါဝင်နေပါသည်။ ယာဂွန်ဥတွင်ပါဝင်သော အချိုဓာတ်သည် ဆီးချိုသမားများပင် စားသုံးနိုင်ပါသည်။ အရိုးပွရောဂါကိုကာကွယ်နိုင်ပြီး သွေးတိုးရောဂါရှိသူများပုံမှန်စားသုံးပေးခြင်းဖြင့်သွေးပေါင်ထိန်းညှိခြင်းနှင့်ဖိုက်ဘာအမျှင် ဓာတ်ပါဝင်သောကြောင့်အူလမ်းကြောင်းကျန်းမာရေးကို အထူးကောင်းမွန်စေပါသည်။ယခုအခါတွင် ယာဂွန်ဥကိုတစ်ကမ္ဘာလုံးစိုက်ပျိုးထုတ်လုပ်စားသုံးနေကြပြီဖြစ်ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ရှမ်း)