![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2_62.jpg?itok=wKvjtn6N)
ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဈေးကွက်သို့ ပတ်ဝန်းကျင်ဒေသများမှ စိုက်ပျိုးထုတ်လုပ်သော ဝဥများလှိုင်လှိုင်ဝင်ရောက်လာကြောင်းသိရှိရပါသည်။ ယခုကာလတွင် ဈေးကွက်အတွင်း ဝဥအစိုများသာဝင်ရောက်မှုရှိပြီး တစ်ပိဿာလျှင် (၂၈၀၀)ကျပ် ဈေးရှိကြောင်းသိရှိရပါသည်။ဝဥများကိုပြည်တွင်း၌ ပရဆေး၊ အသားတု၊ အသင့်စားခေါက်ဆွဲစသည့် ကုန်စည်များထုတ်လုပ်သည့်နေရာတွင် အသုံးပြုသည့်အပြင် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများသို့ ပြည်ပတင်ပို့ကုန်အဖြစ်ပေးပို့ကြောင်း လေ့လာသိရှိရပါသဖြင့် စိုက်ပျိုးထုတ်လုပ်သင့်ပြီး ဈေးကွက်ခိုင်မာသောသီးနှံ ဖြစ်ပါသည်။အောင်ပန်း ဒေသဈေးကွက်သို့ အများဆုံးဝင်ရောက်သော ဝဥများမှာ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ ကလောဒေသတို့မှ တောတွင်းအလေ့ကျပေါက်ရောက်မှုနှင့် သီးသန့်စိုက်ပျိုးထုတ်လုပ်မှုတို့မှ ဖြစ်ကြောင်းသိရှိရပါသည်။၂၀၂၄ခုနှစ် ဒီဇင်ဘာလဈေးကွက်မှသည် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလအထိ ဝဥအားစိုက်ပျိုးထုတ်လုပ်ရောင်းချမည့် ဈေးကွက်ခိုင်မာနေဦးမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)