ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်နှင့် နီးစပ်နေသော မြန်မာ - တရုတ် နယ်စပ်ဂိတ် ပေါက်များဖြစ်သော မန့်ဝန်းဂိတ်ပေါက်၊ ဆင်ဖြူဂိတ်ပေါက် နှင့် နန်းတော်ဂိတ်ပေါက်တို့မှာ (၂၂.၁၀.၂၀၂၄) ရက်နေ့မှ စတင်ပြီး စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းများနှင့် အခြားစားသောက် ကုန်များကို တရုတ်နိုင်ငံဘက်မှ သယ်ယူမှု ယာယီပိတ်ပင်ထားကြောင်း သိရှိရသည်။
(၁.၁၁.၂၀၂၄) ရက်နေ့မှစ၍ ဆင်ဖြူဂိတ်ပေါက်သို့ စားသောက်ကုန် ကုန်စိမ်းများ၊ ကုန်ခြောက်များ၊ အထည်အလိပ်များကို အနည်းငယ် တစ်နိုင်တစ်ပိုင်မျှသာ သယ်ယူခွင့်ပြုထားပေး ကြောင်း၊ မန့်ဝိန်းဂိတ်ပေါက်ကို ကုန်ပစ္စည်းများသယ်ယူမှု ယာယီပိတ်ထားပြီး၊ နန်းတော်ဂိတ်ပေါက် မှာ လူဝင်/ထွက် ပုံမှန်ခွင့်ပြုပေးထားနေပါကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ လတ်တလောမူဝါဒများကြာင့် ၎င်းနယ်စပ်ဂိတ်ပေါက်များမှ ကုန်ပစ္စည်းအပေါ် သယ်ယူခွင့်ပြုခြင်း၊ ပိတ်ပင်ထားခြင်းများ ရှိနေပါကြောင်း ဒေသခံပြည်သူများထံမှတစ်ဆင့် စုံစမ်း သိရှိရပါသည်။ ယခု တရုတ်ငွေလဲလှယ်မှုမှာ (၁၀၀) ယွမ်လျှင် မြန်မာငွေ (၆၀၀၀၀ - ၆၀၅၀၀) ကျပ် ဝန်းကျင် လဲလှယ်နေပါကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(ရှမ်း)