စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖေါ်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့မှ (၃၀)ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့တွင် ဝက်ထီးကန်၊ ဆင်စုရပ်ကွက်နှင့် နဝင်းရပ်ကွက်ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် အောင်မင်္ဂလာဈေးရှိကုန်စုံဆိုင်များ သို့စားသုံးဆီ အမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် တည်ကုန်းတောင်ပိုင်းနှင့် ကြာနီကန်ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ သရက်တောရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့တွင် ပန်းတောင်းဈေးရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် မြို့ပေါ်စတိုးဆိုင်များသို့ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးကိုလည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသားဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)