ကန့်ဘလူမြို့နယ်တွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုန်လာဥဖြူ၊ မုန်လာထုပ်တို့လည်း တစ်နိုင် တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့်အနီးကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီကိုစိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလပထမပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀-၅၀၀၀ရှိခဲ့ရာ ဒီဇင်ဘာလဒုတိယပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀-၄၅၀၀ဖြင့် ရောင်းချကြောင်း၊ ယခုပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၅၀၀ ခန့်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ ကြက်သွန်နီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)