Online Sale လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း ဆောင်ရွက်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အလှကုန်ပစ္စည်းရောင်းချနေသော လုပ်ငန်းရှင်များအား Online Sale ဈေးရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်းအား နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြည်ခရိုင်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ပြည်ခရိုင်ဦးစီးမှူး၊ ဦးမင်းဆွေမှလုပ်ငန်းရှင်များအနေဖြင့် Online ဈေးရောင်းချခြင်းနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်များအားရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ရာ တက်ရောက်လာသောလုပ်ငန်းရှင်များမှလည်း သိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် ခရိုင်ဦးစီးမှူးမှလည်း ပြန်လည်ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်မြို့နယ်အတွင်းမှ အလှကုန်ရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင် ( ၂၆ )ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)