နည်းပညာတက္ကသိုလ်(ပြည်)တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများနှင့် Online ဈေးဝယ်ယူ/ ရောင်းချခြင်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိစားသုံးသူပြည်သူများအား စားသုံးသူရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်နားလည်သိရှိပြီး စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်း လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့၊ နည်းပညာတက္ကသိုလ်၌ စားသုံးသူအသိပညာပေးဟောပြော ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၊ ဦးမင်းဆွေမှ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ရေးသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား အသိပညာပေး ရှင်းလင်းဟောပြောပြီးနောက် စားသုံး/ ထုတ်လုံဌာနခွဲတာဝန်ခံ ဦးနိုင်လင်းထွန်း(ဦးစီးမှူး)မှ Onlineမှဈေးဝယ်ယူခြင်း ဆောင်ရွက်ရာတွင် သတိပြုစိစစ်၍ ရှောင်ကျဉ်ရမည့် အချက်များ၊ Onlineဈေးရောင်းချရာတွင် လိုက်နာရမည့်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြပြီး ဆွေးနွေးဟောပြောပွဲသို့ ပြည်မြို့နယ် နည်းပညာတက္ကသိုလ်မှ ပါမောက္ခ၊ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ(၃၁၅)ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)