ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ရွှေတောင်မြို့နယ် (အ.မ.က)ကမ်းတင်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါစားသုံးသူ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့်မှ ကျောင်းသား/ သူများစားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ကုန်အညွှန်းအမှတ်အသား (၈)ချက်အား ရှင်းလင်းပြောကြားပြီး စားသုံးသူအခွင့်အရေးများအကြောင်း၊ စားသုံးသူနစ်နာပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားရန်နည်းလမ်းများအားရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းရှင်းလင်းခြင်း၊ ပုံပြင်ပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ လူကုန်ကူးခြင်းအကြောင်းအရာများအား ဗီနိုင်းပိုစတာဖြင့် ဆွေးနွေးဟောပြောခဲ့ပါသည်။ ထိုဟောပြောပွဲတွင် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၄၄)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)