ပြည်ခရိုင်ရှိ ရွှေတောင်မြို့နယ်တွင် ဒေသမျိုးဖြစ်သော ခရမ်းချဉ်သီးများထွက်လာပြီး အထွက်နှုန်းလည်းကောင်းလာကြောင်း သိရပါသည်။ ခရမ်းချဉ်သီးကို အောက်တိုဘာလတွင် စတင်စိုက်ပျိုး၍ ဒီဇင်ဘာလတွင် ထွက်ပေါ်လာပါသည်။ ခရမ်းချဉ်သီးကို ရွှေတောင်မြို့ ကျေးရွာတချို့တွင် မြစ်ရေကျချိန်၌ သဲသောင်ခုံများပေါ်တွင် စိုက်ပျိုးကြကြောင်းသိရပါသည်။ ယခုအချိန်၌ ဈေးကွက်တွင် ခရမ်းချဉ်သီးဝင်ရောက်မှုမှာ လှိုင်လှိုင်ပေါ်လာပြီဖြစ်၍ ပြည်မြို့ရှိဈေးများသို့ လာရောက်ရောင်းချသည့်အပြင် ရွှေတောင်မြို့ပေါ်ဈေးများနှင့် ရန်ကုန်မြို့သို့လည်း နေ့စဉ်တင်ပို့ရောင်းချကြောင်းသိရပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချသောခရမ်းချဉ်သီးဈေးနှုန်းများအနေဖြင့် လက်လီတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ လက်ကားတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ယခုအချိန်သည် ဆောင်းရာသီကာလဖြစ်၍ ခရမ်းချဉ်သီးများ ပေါပေါဝင်ရောက်လာပြီး အရောင်းအဝယ်လည်းဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)