အရင်းနည်းပြီးအမြတ်များသော မုန်လာဥဖြူ

Powered by Drupal

           ဧရာဝတီတိုင်းဒေကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သုံး သီးနှံများကိုလည်းစိုက်ပျိုးကြသည်။

         ကြံခင်းမြို့နယ်အတွင်းရှိ တစ်ချို့ကျေးရွာများတွင် မုန်လာဥဖြူများစိုက်ပျိုးကြကြောင်း၊ ထွက်ရှိသည့်မုန်လာဥဖြူများကို ဖောက်သည်များမှတစ်ဆင့်ရောင်းချရပြီး၊ မုန်လာဥဖြူ(အကြီး) (၅)ဥပါတစ်တွဲလျှင် ၇၀၀ကျပ်မှ ၁၀၀၀ကျပ်၊ မုန်လာဥဖြူ(အသေး) (၅)ဥပါတစ်တွဲလျှင် ၃၀၀ ကျပ်ဖြင့် ရောင်းချရပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၅၀၀၀၀၀/-ကျပ်ခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ၁၀ သိန်းကျပ်ခန့် ရရှိကြောင်း တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)