ထုံးကြီးမြို့ရှိ တနိုင်တပိုင် ခရမ်းချဉ်သီးယိုလုပ်ငန်း

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ထုံးကြီးကျေးရွာဟု ကြားလိုက်သည်နှင့်  စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်ပြီး ယိုမျိုးစုံထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသော ကျေးရွာတစ်ရွာဟု တွေးမိတတ်ကြသည်။ ထုံးကြီးကျေးရွာတွင် ခရမ်းချဉ်သီးများကို ခရမ်းချဉ်သီးထွက်ရှိချိန်တွင် ခရမ်း၊ သက္ကလ၊ ပဲခူးနှင့် ဘိုင်းဒါး ဒေသများမှ ဝယ်ယူပြီး အခြားအချိန်ကာလများတွင် ရှမ်းပြည်နယ်ဘက်မှ အင်းသီးများကို ဝယ်ယူ၍ ခရမ်းချဉ်သီးယို လုပ်ငန်းလုပ်ကိုင်လျက်ရှိပါသည်။ ခရမ်းချဉ်သီးယို ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းမှာ ခရမ်းချဉ်သီးနှင့် သကြားကို အသုံးပြုရပြီး လုပ်သားအရေအတွက် ၅ ဦးခန့်ဖြင့် လုပ်ကိုင်လျက်ရှိပါသည်။ တစ်ရက်လုပ်သားခ ပေးချေရမှုအနေဖြင့် ၉၀၀ဝ- ၁၀၀၀ဝကျပ်ခန့် ပေးချေရပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်သည် သယ်ယူပို့ဆောင်ခအပါအဝင် ခရမ်းချဉ်သီးယို ၁ပိဿာလျင် ၂၆၀၀ဝကျပ်ခန့် ကုန်ကျပြီး ၂၀၂၄ခုနှစ် စက်တင်ဘာလတတိယအပတ်တွင် ၁ပိဿာလျင် ၃၁၀၀ဝကျပ်ခန့် ပြန်လည် ရောင်းချကြသည့်အတွက် အကျိုးအမြတ်အားဖြင့် ၁ပိဿာလျင် ၅၀၀ဝကျပ်ခန့်  ရရှိပါသည်။ ဈေးကွက်ရောင်းဝယ်ဖောက်ကားမှုမှာ ဒေသတွင်းနှင့် ရန်ကုန်မြို့တွင်း တင်ပို့ရောင်းချကြပြီး ကုန်ကြမ်း ၅ပိဿာ လျင် ကုန်ချော ၂ပိဿာ ၇၀ကျပ်သားခန့် ရရှိပြီး တစ်နေ့လျင် ၈ပိဿာကျော်ခန့် ထုတ်လုပ်နိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)