![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/18_26.jpg?itok=Mte1yug8)
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ပဲစောင်းလျား သီးများ စိုက်ပျိုးထားရှိပါသည်။ ပဲစောင်းလျားသီးကို ယခုလိုဆောင်းရာသီအချိန်တွင် စတင်ထွက် ပေါ်လာပြီး (၃) လခန့်ခူးယူရောင်းချရပါသည်။ ပဲစောင်းလျားသီး (.၂၅) ဧကတွင်စိုက်ပျိုး ထုတ်လုပ်ကုန်ကျစရိတ် အနေဖြင့် (၆၃၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ပဲစောင်းလျား သီးများထွက်ပေါ်ချိန်တွင် နှစ်ရက်ခြားတစ်ခါ ခူးဆွတ်ရပြီး ခူးဆွတ်အကြိမ်အရေအတွက်မှာ (၄၅)ကြိမ်ခူးဆွတ်ရပါသည်။ ပဲစောင်းလျားသီး တစ်ကြိမ်ခူးဆွတ်လျှင် အသီးအရေအတွက်မှာ (၃၀၀၀)ခန့်ခူးဆွတ်ရရှိကြောင်းသိရပါသည်။ ထွက်ရှိ လာသောပဲစောင်းလျားသီးများကို ကုန်စိမ်း ဒိုင်များမှ စိုက်ခင်းထဲအထိဆင်း၍ ဝယ်ယူကြသဖြင့် တစ်တောင့်လျှင် (၇)ကျပ်ဖြင့် ရောင်းခ ျကြောင်းသိရပါသည်။ ထို့ကြောင့် ပဲစောင်းလျားသီး (၀.၂၅) ဧကတွင် ရောင်းရသော ဝင်ငွေမှာ (၉၄၅၀၀၀)ကျပ် ရရှိပြီး အသားတင်အမြတ်အနေဖြင့် (၃၁၅၀၀၀)ကျပ် ရရှိကြောင်း သိရပါသည်။
ထို့ကြောင့်ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပဲစောင်းလျားသီး စိုက်ပျိုးသူ တောင်သူများ အနေဖြင့် တစ်ယောက်စိုက်ဧကတွင် အသားတင်အမြတ်မှာ (၃၀၀၀၀၀)ကျော်ခန့်ရရှိ၍ ဧကပြတ်စိုက်ပျိုးလျှင် တစ်ဧကအတွက်အကျိုးအမြတ်အနေဖြင့် (၁၂၀၀၀၀၀)ကျော်ရရှိနိုင်မည်ဟု ခန့်မှန်းသိရပါသည်။ ပဲစောင်းလျားသီးမှာလည်း အကျိုးအမြတ်ရှိ၍ ဧကတိုးချဲ့ စိုက်ပျိုးသင့်သောသီးနှံဖြစ်ပါသည်။
DOCA(ပဲခူး)