ရာသီမရွေးစားသုံးနိုင်သော ချဉ်ပေါင်ဈေးကွက်

Powered by Drupal

ချဉ်ပေါင်ရွက်လို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်းမျက်လုံးထဲမြင် မယ်ထင်ပါသည်။ သုံးမြှောင့်ပုံ အရွက်စိမ်းစိမ်းလေးတွေက အရိုးနီနီ ဒါမှမဟုတ် ရိုးတံ စိမ်းစိမ်း လေးမှာ ရွက်ချင်းဆိုင်ပြီး အစီအရီ ပေါက်နေတတ်တဲ့ အပင်ငယ်ဖြစ်ပါသည်။ ချဉ်ပေါင်ပင်ကို အပူပိုင်းဒေသနှင့် သမပိုင်းဒေသများတွင်စိုက်ပျိုးနိုင်သည်။ အပူပိုင်းဒေသတွင်ချဉ်ပေါင်ပင် ပို၍ဖြစ် သည်။ လူသိများ သော ချဉ်ပေါင်အမျိုးအစားများမှာ ရွှေဘိုချဉ်ပေါင်၊ လျှော်ချဉ်ပေါင်၊ ချဉ်ပေါင် လက်ခြား၊ ဆေးချဉ် ပေါင်၊ ချဉ်ပေါင်နီ၊ ဘိလပ်ချဉ်ပေါင်၊ ချဉ်ပေါင်ခါး၊ ဓါတ်ချဉ်ပေါင်၊ ချဉ်ပေါင်ကြီး၊ ကျောက်ချဉ်ပေါင်နှင့် ချဉ်ပေါင်ရိုင်း တို့ဖြစ်ပါသည်။ ပေါက်ရောက်ပုံ ချင်းလည်း အကုန်တူပါသည်။ ကွဲပြားမှုက အရွက် ပုံစံနှင့် အရသာဖြစ်သည်။ ပြည်မြို့နယ်အနေဖြင့် ချဉ်ပေါင်ရွက်ကို ပြည်အနီး တဝိုက်ကျေးရွာများ ဖြစ်သော မှော်ဇာ၊ တောင်လုံးညို၊ ခွေးရဲ ကျေးရွာများ တွင် စီးပွားဖြစ် စိုက်ပျိုး ကြပြီး ထွက်ရှိလာသော ချဉ်ပေါင်ရွက်များကို ပြည်မြို့ပေါ်ရှိ ဈေးများအပြင် ရန်ကုန် ကုန်စိမ်း ဈေးကွက်သို့လည်း တင်ပို့‌ရောင်း ချကြပြီး ဈေးနှုန်းအနေဖြင့် ချဉ်ပေါင် တစ်စီးလျှင် (၁၀၀-၂၀၀)ကျပ်နှုန်းများဖြင့် အသီးသီး အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)