
ထမင်းသုတ်ဟုဆိုလိုက်လျှင် ပြည်ထမင်းသုပ်ကိုနေရာဒေသအနှံ့အပြားရှိဆိုင်များတွင် Special Menu တစ်ခုအဖြစ် ရောင်းချရသောစားသောက်ဖွယ်ရာတစ်ဖြစ်ပြီး နာမည်ရလူကြိုက်များ လျှက်ရှိပါသည်။ ပြည်မြို့တွင် ရောင်းချလျှက်ရှိသော ထမင်းသုပ်များသည့် သူ့မူနှင့် သူ့ကိုယ်ပိုင် နာမည်များဖြင့် ရောင်းချကြပါသည်။ ပြည်မြို့တွင် ရောင်းချလျှက်ရှိသော ထမင်းသုပ်ဆိုင် နာမည် များမှာ မစန်းလေး၊ ဒေါ်တင်အေး၊ ဒေါ်ဥ၊ မြင့်မြင့်အေးနှင့် ပွင့်လှသိမ်ကုန်းဟူ၍ ရှိကြပါသည်။ မစန်းလေး၊ ဒေါ်တင်အေး၊ ဒေါ်ဥ၊ မြင့်မြင့်အေးဆိုင်များမှ ထမင်းသုပ်များ၏ ပါဝင်ပစ္စည်းများကတော့ ဆီချက်၊ ပဲမှုန့်၊ ကြက်သွန်ဖြူကြော်၊ ကြာဇံ၊ အာလူးတို့ဖြင့်သာ သုပ်ကြပြီး၊ ဟင်းအသားကြော် တစ်မျိုးမျိုးဖြင့် တွဲဖက်စားသုံးကြပါသည်။ ပွင့်လှထမင်းသုတ်ကတော့ တို့ဖူး၊ စိန်ပန်း(တို့ဖူးကို အတုံးလေးများလှီး၍ကြော်ထားသော) သင်္ဘောသီး၊ ခေါက်ဆွဲ၊ ကြာဇံ၊ အာလူး၊ မျှစ်၊ တရုတ်စကားဖူး စသည်တို့ဖြင့် သုပ်လုပ်ရောင်းချကြပါသည်။ ယခင် ပြည်ထမင်းသုတ်ကို ပြည်မြို့အတွင်းတွင်သာ ဝယ်ယူစားသောက်၍ရသော်လည်း ယခုမူ Ready Made အထုတ်များကို စနစ်တကျသေသပ် လှပသော ကော်ဘူးများဖြင့်ထုတ်လုပ်ထားသောကြောင့် ရပ်ဝေး၊ ရပ်နီးမှ လာရောက်ကြသော ခရီး သွားဧည့်သည်များအတွက် သယ်ဆောင်ရလွယ်ကူပြီး ကျန်းမာရေးနှင့်အညီ ပဲဆီစစ်စစ်ကိုသာ အသုံးပြုကာ အချိုအရသာအတွက် ပုစွန်ခြောက်မှုန့်ကို အသုံးပြုထားပါသည်။ Ready Made ထမင်းသုတ်ဘူးဈေးနှုန်းများကတော့ မစန်းလေးသုတ် (၃)ပွဲစာ ပါတစ်ဘူးလျှင် ၄၅၀၀ကျပ်၊ ဒေါ်ဥ၊ မြင့်မြင့်အေး ထမင်းသုတ် (၅)ပွဲစာပါ ကော်ဘူးတစ်ဘူးလျှင် ၅၀၀၀ကျပ်၊ ဒေါ်တင်အေး ထမင်းသုတ် (၅)ပွဲစာ ပါတစ်ဘူးလျှင် ၆၀၀၀ကျပ်နှုန်းဖြင့် ရောင်းချကြပါသည်။ ပြည်မြို့မှ ရောင်းချသော ထမင်းသုပ်အချို့ကို Super Market များတွင် အလွယ်တကူ ဝယ်ယူ၍ရသဖြင့် ပြည်ပနိုင်ငံများ သို့တင်ပို့ရာတွင်လည်း အဆင်ပြေသောကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသား များအတွက်လည်း အဆင်သင့် စားသုံးနိုင်မည်ဖြစ်ပါသည်။ ယခုအခါ ပြည်ထမင်းသုတ် Ready Madeဘူးအချို့ကို ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချသော အရောင်း ပြခန်းများတည်ရှိရာ ပြည်မြို့ ၊ တောင်ငူမြို့နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အလွယ်တစ်ကူ ဝယ်ယူရရှိနေပြီဖြစ်ပါသည်။ ထို့အပြင် ရံဖန်ရံခါ တိုင်း၊ ပြည်နယ်များတွင် ကျင်းပပြုလုပ်သော ဒေသထွက်ကုန်ရောင်းချသော ကုန်စည်ပြပွဲများတွင်လည်း လုပ်ငန်းရှင်များကိုယ်တိုင် သွားရောက် ရောင်းချလျက်ရှိသောကြောင့် ပြည်မြို့မှ အထင်ကရဖြစ်သော ပြည်ထမင်းသုတ် Ready Made ဘူးများကို နေရာဒေသအနှံ့ ဝယ်ယူရရှိနိုင်နေပြီဖြစ်ပါသည်။
ထို့ကြောင့် ပြည်ထမင်းသုပ်အနေဖြင့် Ready Made အထုပ်များအားထုပ်ပိုးမှုပုံစံများကို ဒီထက်မက အဆင့်မြှင့်တင်ပြီး ပြုလုပ်လာနိုင်မည်ဆိုပါ MSME လုပ်ငန်းအတွက် ဖွံ့ဖြိုးတိုးတက်လာ နိုင်မည်ဖြစ်ပါသည်။
DOCA(ပဲခူး)