ပဲခူးတိုင်းဒေသကြီး သာယာတီခရိုင် အုတ်ဖိုမြို့နယ်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံး၌ အုတ်ဖိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍၂၈.၁၁.၂၀၂၄ ရက်နေ့မှစ၍ အုတ်ဖိုမြို့နယ်အတွင်းရှိရက်ကွက်၊ အုပ်စုများသို့ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို သက်သာဈေးနှုန်းဖြင့်နေ့စဉ်ရောင်းချပေးခဲ့ကြကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်ဆန်ကုန်သည်ကြီးများနှင့် ဆန်စက်ပိုင်ရှင်များအသင်းမှ တစ်ရက်လျှင်ဆန်တစ်အိတ် ၇၂၀၀၀/ကျပ်နှုန်းဖြင့် (၁၀) အိတ်၊ဆီကုန်သည်များအသင်းမှ စားအုန်း ဆီ(၁၁၀) ပိဿာ ၊ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေး ရောင်းချသူများမှကြက်ဥတစ်လုံး လျှင်(၄၀၀) ကျပ်ဖြင့် ကြက်ဥအလုံးရေ(၃၀၀)လုံး၊ ဆန်တစ်ပြည်လျှင်၃၀၀၀/ကျပ်၊ဆီငါးဆယ်ကျပ်သားလျှင် (၃၉၅၀) ကျပ်ဈေးနှုန်းတို့ဖြင့်ရောင်းချပေးကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)