ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခ့နှင့် ဝန်ထမ်းများသည် ဒီဇင်ဘာလဒုတိယပတ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ အုတ်ဖိုမြို့နယ်အတွင်းဆေးဝါးများရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဆေးဝါးဈေးနှုန်းများရောင်းချနေမှုကို စုံစမ်းမေးမြန်းပြီး ဆေးဝါးများတွင် မြန်မာစာအညွှန်းပြည့်စုံစွာပါရှိမှုရှိ/ မရှိစစ်ဆေးခြင်း၊ ရက်လွန်ဆေးဝါးများရောင်းချမှုရှိ/ မရှိ ၊စပ်ဆေးများရောင်းချခြင်းမပြုကြရန်၊ ဆေးဝါးများကိုဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)