တောင်ငူမြို့တွင် ပေါ်ဦးပေါ်ဖျားမန်ကျဉ်းရွက်နုများ ဈေးကောင်း

Powered by Drupal

တောင်ငူမြို့၊ ရွှေဆံတော်ဘုရားဈေးတွင် တောင်ငူမြို့အနောက်ဖက်ဒေသရှိ ကျေးလက် ဒေသများမှ ဟင်းသီးဟင်းရွက် ရောင်းချသူများနှင့်စည်ကားလျှက်ရှိပါသည်။ ရွှေဆံတော်ဘုရားဈေး တွင် ခြံထွက်ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်လာရောက် ရောင်းချကြသောဈေးသည်များရှိ သကဲ့သို့ ဖောက်သည်ဝယ်ယူ၍ တစ်ဆင့် ပြန်လည်ရောင်းချသူများလည်းရှိပါသည်။

              တောင်ငူမြို့ရွှေဆံတော်ဘုရားဈေးတွင် ပေါ်ဦးပေါ်ဖျားမန်ကျဉ်းရွက်နုများ ရောင်းချလျှက် ရှိပါသည်။ မန်ကျဉ်းရွက်နုအား အချဉ်ရည်ဟင်းချက်၍ အရည်သောက်ဟင်းအဖြစ်စားသုံး၍ရသလို မန်ကျဉ်းရွက်နုအားပုဇွန်ခြောက်ဖြင့်ရော၍ ကြော်စား၍လည်းရပါသည်။ ထို့အပြင် မန်ကျဉ်းရွက်ကို ကြက်သွန်နီပါးပါးလှီး၍ မြေပဲလှော်ထောင်းနှင့်ရောနှော၍ သုတ်စား၍လည်း ရပါသည်။ ချဉ်ပြုံးပြုံး အရသာရှိသောမန်ကျဉ်းရွက်နုဟာခံတွင်းမြိန်စေသောဟင်တစ်ခွက်ဖြစ်ပါသည်။

              မန်ကျဉ်းရွက်နု ဈေးနှုန်းအနေဖြင့် (၁) ဆယ်သားလျှင် (၂၂၀၀) ကျပ်နှုန်းဖြင့် ဈေးကောင်း လျှက်ရှိကြောင်း တောင်ငူမြို့၊ ရွှေဆံတော်ဘုရားဈေးရှိ ဟင်းသီးဟင်းရွက် ရောင်းချသူတစ်ဦးထံ မှ စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)