တောင်ငူခရိုင်တွင် ရေတာရှည်မြို့နယ်၌ အောင်ချမ်းသာသကြားစက်နှင့် မြို့လှသကြား စက်၊ အုတ်တွင်းမြို့နယ်၌ ဗောဓိကုန်းသကြားစက်နှင့် ဖြူးမြို့နယ်၌ ဇေယျဝတီသကြားစက်တို့ရှိရာ ကြံများခုတ်သိမ်းနေပြီဖြစ်၍ ဒီဇင်ဘာလ လလယ်ပိုင်းကတည်းက စက်များလည်ပတ်နေပြီဖြစ်ပါ သည်။
အောင်ချမ်းသာသကြားစက်သည် ကြံတန်ချိန် ၆၀၀၀၀၊ မြို့လှသကြားစက်သည် ကြံ တန်ချိန် ၁၀၀၀၀၀၊ ဗောဓိကုန်းသကြားစက်သည် ကြံတန်ချိန် ၇၀၀၀၀ နှင့် ဇေယျဝတီသကြားစက် သည် ကြံတန်ချိန် ၆၀၀၀၀ ကြိတ်ဝါးနိုင်ရေး လျာထားဆောင်ရွက်လျှက်ရှိရာ လျာထားချက်ပြည့်မီ ရေးအတွက် ကြံစိုက်တောင်သူများအား စိုက်ပျိုးရာသီတွင် ကြိုတင်ငွေများထုတ်ချေးပေးခဲ့ပါသည်။
အောင်ချမ်းသာသကြားစက်သည် ကြံတန်တစ်အတွက် ကြိုတင်ငွေ ၂၀၀၀၀ ကျပ်၊ မြို့လှ သကြားစက်သည် ကြံတစ်ဧကအတွက် ကြိုတင်ငွေ ၁၀၀၀၀၀ ကျပ်၊ အုတ်တွင်းသကြားစက်နှင့် ဇေယျဝတီသကြားစက်တို့သည် ကြံတစ်ဧကအတွက် စိုက်ပျိုးချိန်တွင် ၄၀၀၀၀၀ ကျပ်နှင့် ဘောင်လုံးချိန်တွင် ၁၀၀၀၀၀ ကျပ် စုစုပေါင်း ၅၀၀၀၀၀ ကျပ် ထုတ်ပေးပါသည်။
သကြားစက်များအနေဖြင့် ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၈၀၀၀၀ ကျပ်ဖြင့် ဝယ်ယူလျှက်ရှိပြီး အုတ်တွင်းမြို့နယ် ဗောဓိကုန်းသကြားစက်သည် ကြံတစ်တန်လျှင် ၁၅၅၀၀၀ ကျပ်ဖြင့် ကြံစိုက်ခင်းအထိ သွားရောက်ဝယ်ယူပါသည်။ စက်ရုံများအနေဖြင့် ကြံတောင်သူများထံမှ ကြိုတင်ငွေကိုခုနှိမ်ပြီး ကျန်ငွေများကို ကြံတန်ချိန်နည်းလျှင် နေ့ချင်းငွေချေပေးပြီး ကြံတန်ချိန်များ လျှင် ၁ ရက်မှ ၂ ရက်အထိ စောင့်ဆိုင်းရကြောင်း သိရပါသည်။
DOCA(ပဲခူး)