ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်သည်သီးနှံမျိုးစုံစိုက်ပျိုး ထွက်ရှိ သော မြို့နယ်ဖြစ်သည် ယခုအခါတွင်ပဲပုတ်သီးနှံများဖြစ်ထွန်း အောင်မြင်နေပြီဖြစ်ရာပဲပုတ်စိုက် တောင်သူ များအနေဖြင့် မြို့ပေါ်ကုန်သည်များထံသို့၎င်းနီးစလပ်ရာမြို့များသို့သွားရောက်ရောင်းချခြင်းဖြင့်၎င်း ၊မြို့ပေါ်ကုန်သည်များ ကွင်းအရောက်ဆင်းကာ ဝယ်ယူခြင်းဖြင့်၎င်း၊ အရောင်းအဝယ်ဖြစ်နေလျှက်ရှိ ပါသည်။မိုးညိုမြို့ရှိပဲပုပ်အဝယ်ဒိုင်များရှိ ပေါက်ဈေးနှုန်းမှာပိဿာ ၂၀ တစ်တင်းလျှင် (၁၂၅၀၀၀) ကျပ်ဈေးဖြင့်ဝယ်ယူလျက်ရှိပြီး မြို့ပေါ်ကုန်သည်ကြီးများအနေဖြင့် တောင်သူများထံမှပွဲရုံအရောက် ပိဿာ (၂၀) တစ်တင်း လျှင် ၁၄၅၀၀/ကျပ်၊ဖြင့် ဝယ်ယူပေးလျှက်ရှိပြီး ယခုအခါမြို့ပေါ် ကုန်သည်ကြီးများ အနေဖြင့်တစ် နေ့လျှင် အိတ်ရေ (၃၀၀၀) ခန့်ဝယ်ယူရရှိနေပါသည်။ ဝယ်ယူ ရရှိသော ပဲပုတ်များအားရန်ကုန်မြို့ရှိ ထောက်ကြန့် အစာစပ်စက်ရုံ (CP)စာစက်ရုံသို့၎င်း၊ မြောင်းတကာ ကြက်၊ဝက်အစာ စက်ရုံများ သို့၎င်း၊ အိတ်လုံးရေ(၂၅၀)အိတ်ဆန့်တွဲကားကြီးများဖြင့် ၎င်း၊ အိတ်လုံးရေ(၃၅၀) အိတ်ဆန့် ကား များဖြင့်၎င်း၊တင်ပို့ရောင်းချလျှက်ရှိရာပေါက်ဈေး ပိဿာ (၂၀)တစ်တင်းလျှင်(၁၇၄၀၀) ကျပ်ဈေးဖြင့် ရောင်းချရကြောင်းမိုးညိုမြို့ပေါ်ရှိပွဲရုံများသို့ ကွင်းဆင်း ဆောင်ရွက်မှုများအရသိရှိရပါသည်။
DOCA(ပဲခူး)