ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသော ရာသီစာ ပဲမြစ်ဈေးနှုန်း အခြေအနေ

Powered by Drupal

          ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်  ကုန်စိမ်းသီးနှံများကို ရာသီအလိုက်ဒေသအသီးသီးမှ မှာယူရောင်းချလျက်ရှိပါသည်။

          ကုန်စိမ်းသီးနှံများကိုမှာယူရောင်းချရာတွင် ရာသီအလိုက်သီးနှံများ၊ ကန်ဇွန်းဥ၊ ပိန်းဥ၊ အာတာလွတ်ဥနှင့် ပဲမြစ်တို့ကို ရောင်းချလျက်ရှိရာ ပဲမြစ်ကို မန္တလေးတိုင်းဒေသကြီး  တံတားဦးမြို့နယ်၊ မန်ကျည်းတောကျေးရွာ မန်ကျည်းတောပဲမြစ်သည် အခြားဒေသထွက် ပဲမြစ်များထက် အရသာပိုရှိပြီး စေးပိုင်နေသည့်အတွက် လူကြိုက်များသဖြင့် မန်ကျည်းတောပဲမြစ်ကို ကန့်ဘလူဒေသဈေးကွက်သို့ ရောင်းချရန်အတွက် မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပါသည်။

        ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပဲမြစ်ဈေးနှုန်းများမှာ ပဲမြစ်တစ်ပိဿာလျှင် (၇၈၀၀/၈၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ‌ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေး ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)