![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/10_36.jpg?itok=zrr1Ad9M)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် ပဲစိမ်းစားဥများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ ရာသီပေါ် ပဲစိမ်းစာဥများကို ကန့်ဘလူမြို့နယ်ရှိကျေးရွာများ၊ ခင်ဦးမြို့နယ်ဘက်မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။
ပဲစိမ်းစားဥသည် အရည်ရွှမ်းသောကြောင့် အရသာကောင်းမွန်၍ လူကြိုက်များပြီး သရေစာအဖြစ် လူကြီးလူငယ်မရွေး ဝယ်ယူစားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ရောင်းချနေသော ပဲစိမ်းစားဥဈေးနှုန်းမှာ ပဲစိမ်းစားဥအသေး (၁)ပိဿာ(၁)တွဲ လျှင် (၂၀၀၀)ကျပ်နှင့် ပဲစိမ်းစားဥအကြီး (၁)ပိဿာ(၁)တွဲလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိ ပါသည်။
DOCA(စစ်ကိုင်း)