မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ နှမ်းဖြူ(၁)တင်း လျှင် ကျပ်(၁၃၅၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၂၃၀၀၀)၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ်(၉၇၀၀၀)ဖြစ်ပြီး (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင်  နှမ်းနီ ကျပ် (၂၀၀၀)ဈေးနှုန်း ကျဆင်းခဲ့ပြီး နှမ်းဖြူ ကျပ်(၂၀၀၀)၊ နှမ်းနက်(စမုန်) ကျပ်(၈၀၀၀) ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း မန္တလေးမြို့သို့ အိတ်ရေ(၃၈၀၀)၊ ရန်ကုန်မြို့သို့ အိတ်ရေ(၅၀၀)တင်ပို့ခဲ့ပြီး တန်ချိန် (၂၂၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)