ကန့်ဘလူမြို့နယ်၏ ရာသီစာ ဇီးသီး(အချဉ်မျိုး) ဈေးနှုန်း၊ဈေးကွက်အခြေအနေ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် ဇီးပင်(အချဉ်မျိုး)များအလေ့ ကျပေါက်ရောက်ကြကြောင်း၊ ဇီးပင်(အချဉ်မျိုး)များသည် အခြားသီးပင်များကဲ့သို့ စိုက်ပျိုးရန်မလိုဘဲ ယာတောများ၌လည်းကောင်း၊ လယ်တောများ၌လည်းကောင်း၊ ရှင်သန်ကြီးထွားကြကြောင်း၊ ဇီးသီး (အချဉ်မျိုး)သည် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ အသီးများခူးဆွတ်၍ ရောင်းချကြကြောင်းသိရသည်။

ကန့်ဘလူမြို့မဈေးရှိ လုပ်ငန်းရှင်၏ပြောပြချက်အရ ကန့်ဘလူမြို့တွင် ဇီးသီးရောင်းဝယ်ရေး ဒိုင်များမရှိကြောင်း၊ ဇီးသီး(အချဉ်မျိုး)ကို ကန့်ဘလူမြို့ရှိ အချဉ်ပေါင်းသည်များ၊ ကျောင်းမုန့်ဈေး တန်းရှိဆိုင်များမှ  အချဉ်ပေါင်းအဖြစ်ရောင်းချရန် ဝယ်ယူကြကြောင်း၊ ဇီးချဉ်သီးကို ယိုထိုး၍လည်း စားသုံးကြကြောင်း၊ အိမ်ရှင်မများကလည်း အစားအသောက်ချက်ပြုတ်ရာတွင် အသုံးပြုကြောင်း၊ ယခုအခါ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ဇီးချဉ်သီး(၁)ပြည်လျှင် လက်က္ကားဈေး(၈၀၀)ကျပ်၊ လက်လီဈေး(၁၀၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှသိရသည်။

DOCA(စစ်ကိုင်း)