![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6_43.jpg?itok=wjur1Kdy)
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက ထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်း သီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၉၅၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီးအကွဲအနာကင်းလျှင် ဈေးနှုန်းပိုမိုရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ဒီဇင်ဘာလနောက်ဆုံးပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလပထမပတ်အတွင်း ပဲတီစိမ်း ရိုးရိုးတစ်တင်းလျှင်(၂၀၀၀၀)ကျပ်နှင့် ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင်(၂၀၀၀၀)ကျပ်မြင့်တက်လာ ကြောင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှသိရသည်။
DOCA(စစ်ကိုင်း)