ရန်ကုန်သပြေပန်းများ မအူပင်မြို့သို့ ဝင်ရောက်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့သို့ ဒီဇင်ဘာလအတွင်း  ရန်ကုန်ဘက် သီရိမင်္ဂလာဈေးမှ အောင်သပြေမြစ်၊ (ခ) ရန်ကုန်အာဆီယံသပြေပန်းများ ဝင်ရောက်လျက်ရှိ သည်။  တစ်ပါတ်လျှင် ၂ကြိမ်ဝင်ရောက်ပြီး တစ်စီးလျှင် အပင်ရေ (၁၀၀)ပင်ပါဝင်သည်။ ရန်ကုန်အာဆီယံသပြေ ၁၀၀ပါ တစ်စီးကို ရန်ကုန်မှ ၄၀၀၀၀ကျပ်၊ အောင်သပြေမြစ် (၁၀၀)ပါဈေး ၁၂၀၀၀၀ကျပ် ဖြင့်  ဝယ်ယူရပြီး တစ်ပတ် ၂ကြိမ်ဝယ် ယူရောင်းချနေရကြောင်း ဘုရားပန်း ရောင်းချသူ ဦးကျော်ဆန်း ထံမှ သိရသည်။   

          အောင်သပြေမြစ်၊ အတုံးကြီး၊ လတ်၊ သေး ပါရှိသည့်အတွက် ပြန်လည်ရောင်းချရာတွင် (၈၀၀-၁၀၀၀-၂၀၀၀)နှုန်းအထိ အသီးသီးရောင်းဝယ်မှုရှိနေသည်။ ရန်ကုန်သပြေပန်း ၃ခိုင်တစ်စီး ကို (၁၀၀၀)ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်း အကျိုးအမြတ်အားဖြင့် အောင်သပြေမြစ် တစ်ပတ်လျှင် ပျမ်းမျှငွေ (၈၀၀၀၀)ကျပ်ခန့် နှင့် ရန်ကုန်သပြေ တစ်ပါတ်လျှင် ပျမ်းမျှငွေ (၂၀၀၀၀)ကျပ်ခန့် အကျိုးအမြတ်ရှိကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)