အစေ့ထုတ်ပြောင်းများကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများအပြား စိုက်ပျိုးလျက် ရှိပါ သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၂၄-၂၀၂၅ စိုက်ဧကမှာ(၁၀၀၉၉၇၀) စိုက်ဧက ရှိပါသည်။ ရေရရှိသော နေရာများတွင်စိုက်ပျိုးသော အစေ့ထုတ်ပြောင်းများသည် စက်တင်ဘာလ တွင် စတင်ထွက်ရှိပြီး မိုးရေကိုအားထား၍ စိုက်ပျိုးသော အစေ့ထုတ်ပြောင်းများကို နိုဝင်ဘာလတွင် စတင်ထွက်ပေါ်လေ့ ရှိပါသည်။ ယခုနှစ်တွင် အစေ့ထုတ်ပြောင်း စတင်ထွက်ပေါ်ချိန်တွင် တစ်ပိသာလျှင်(၁၂၀၀)ကျပ်ခန့် ဒေသပေါက်ဈေး ရှိခဲ့ပါသည်။ လက်ရှိအချိန်တွင် အစေ့ထုတ် ပြောင်း တစ်ပိသာအနေဖြင့်(၁၄၅၀) မှ (၁၅၀၀) ကျပ်ခန့် ပေါက်ဈေးရှိပါသည်။ အစေ့ထုတ်ပြောင်း ကို မွေးမြူရေး အစားအစာ အဖြစ် ဝယ်ယူကြပြီး အခြားတိုင်းဒေသကြီး ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျှက် ရှိပါသည်။ လက်ရှိအချိန်တွင် အစေ့ထုတ်ပြောင်းများအား (၁၀) ဘီး၊(၁၂)ဘီး (၂၂)ဘီး ကားများဖြင့် တစ်ရက်လျှင် ပျှမ်းမျှ (၂၀) စီး မှ (၃၀ ) စီး အထိ စီးထွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)