ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ အောင်ဟိတ်ကျေးရွာအုပ်စု ပုလဲကုန်ကျေးရွာနှင့် စလင်းဒေါင့်ကျေးများ တွင် ကြယ်တာရာဘုရားပန်းကို စီးပွားဖြစ်စိုက်ပျိုး လျက်ရှိ ကြောင်းသိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မအူပင်မြို့နယ်တွင် ပန်းစိုက် ဧက ၁၂၈ ကျော် စိုက်ပျိုးထား ရှိကြောင်း မြို့နယ်စာရင်းများအရ သိရသည်။
မအူပင်မြို့နယ်၊ အောင်ဟိတ်ကျေးရွာအုပ်စု ပုလဲကုန်းကျေးရွာနှင့် စလင်းဒေါင့်ကျေးရွာတွင် ကြယ်တာရာပန်းစိုက်ပျိုးကြပြီး၊ ဘုရားပန်းအဖြစ် ရောင်းချသော ပန်းတစ်မျိုး ဖြစ်သည်။ ကြယ်တာရာ မျိုးကို အပင်ကိုဝယ်ယူပြီး တစ်ပင်ကို ၁၀ ကျပ်နှုန်းဖြင့် တောင်ကြီးဘက်မှ မှာယူ ဝယ်ယူသလို မအူပင်မြို့တွင် လည်း မျိုးပန်းအဖြစ် စိုက်ပျိုးရန် ပြန်လည် ရောင်းချသူများလည်းရှိသည်။ တစ်ဧက လျှင် အပင် တစ်သောင်းစိုက်ပျိုးရကြောင်း၊ ကြယ်တာရာ ဘုရားပန်း စိုက်သူတောင်သူ ဒေါ်အေးမြင့်က ပြောပြသည်။ ကြယ်တာရာပန်းသည် စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာ ပထမပတ် တွင် ပန်းပွင့်၍ ခူးဆွပ်ရပြီးဖြစ်ကြောင်း၊ တစ်နေ့ကို ပန်းအပင် ၆၀၀-၇၀၀ပင် ခူးရပြီး နေ့စဉ် ရက် ၂၀အတွင်း ခူး၍ ရောင်းချရကြောင်း သိရသည်။
အောင်ဟိတ်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာသူ/သားများသည် လယ်ယာထွက်စပါးကို စိုက်ပျိုးသလို ပန်းစိုက်ပျိုး သူလည်းများသည်။ ပန်းမျိုးစုံကိုလည်း နှစ်စဉ်စိုက်ပျိုးကြပြီး ရာသီမရွေးစိုက်ပျိုးသော ပန်းများလည်းရှိသည်၊၊ တစ်နှစ်ကို ပန်းစိုက်ပျိုးမှု ရာသီအလိုက်ပန်းများ ၄ကြိမ် စိုက်ပျိုး ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၈၀၀၀၀၀/- ခန့် ကုန်ကျပြီး အထွက်နှုန်း အနေဖြင့် တစ်လလျှင် အပင်ရေ ၁၂၀၀၀နီးပါး ခန့်ထွက်ရှိသည်။ ဈေးနှုန်းအနေဖြင့် ကြယ်တရာပန်းတစ်ပင် ကို လက်ကားဈေး တစ်ပင်ကို ၁၅၀ကျပ်၊ တစ်နေ့ကို အပင် ၅၀၀-၆၀၀ထွက်၍ တစ်လကို ၂၀ရက်ခူးရသည့်အတွက် ငွေကျပ် ၁၈၀၀၀၀၀/-ရရှိကာ အကျိုးအမြတ် ၁,၀၀၀,၀၀၀ /-ကျပ် ခန့် အကျိုးအမြတ် ရရှိကြောင်း သိရသည်။
ပန်းဈေးကွက်အနေဖြင့် မအူပင်မြို့၊ ကျိုတ်လတ်၊ မော်ကျွန်း၊ ဖျာပုံနှင့် ရန်ကုန်မြို့များသို့သာ တင်ပို့ရောင်းချပြီး ဒေသခံများ စီးပွားဖြစ် စိုက်ပျိုးနေသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။
DOCA(ဧရာဝတီ)