မိတ္ထီလာခရိုင်ဆီထွက်သီးနှံစိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာများကိုစိုက်ပျိုးကြပြီး ထွက်ရှိသော သီးနှံများကို ဒေသတွင်းကြိတ်ခွဲမှုအပြင် အခြားဒေသများသို့ တင်ပို့ ရောင်းချကြပါသည်။

     မိတ္ထီလာခရိုင်တွင်မိုးနှမ်းကိုမေလနှင့်ဇွန်လများတွင်စိုက်ပျိုးကြပြီးမိုနှမ်းစိုက်ဧကမှာ (၃၂၀၇၇၆) ဧကစိုက်ပျိုးခဲ့ပြီး အထွက်နှုန်းမှာ (၃)တင်း၊အထွက်စုစုပေါင်း ( ၉၆၂၄၀၉ ) တင်းရှိကြောင်း၊ မိုး နှမ်းကို စက်တင်ဘာလတွင် စတင်ပေါ်ပြီး ရာသီချိန်တွင် နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀၀-၁၀၂၀၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ထွက်ရှိသောနှမ်းကိုများ ဒေသတွင်း ဆီစက်လုပ်ငန်းများအပြင် မန္တလေမြို့ သို့ အဓိကတင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

      မိုးမြေပဲကို မေလနှင့်ဇွန်လတွင် စိုက်ပျိုးကြပြီး ၊ မိုးမြေပဲစိုက်ဧကမှာ (၄၇၂၆၉)ဧက စိုက်ပျိုးပြီး၊ အထွက်နှုန်းမှာ (၃၈.၇၄) တင်း၊ အထွက်စုစုပေါင်း (၁၃၃၉၄၄၅) တင်းရှိပြီး၊ ရိတ်သိမ်းမှု အနည်းငယ် ကျန်ရှိနေသေးကြောင်း၊ မိုးမြေပဲမှာ နိုဝင်ဘာလတွင် စတင်ပေါ်ပြီး ရာသီချိန်တွင် မြေပဲလုံးဆံ တစ်ပိဿာလျှင် (၈၇၀၀) ကျပ်၊မြေပဲဂျွန်ဆံ တစ်ပိဿာလျှင် (၈၃၀၀) ကျပ် ဈေးဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

     မိုးနေကြာကို မေလနှင့်ဇွန်လတွင် စိုက်ပျိုးပြီး၊ မိုးနေကြာ စိုက်ဧက (၃၇၄၇) ဧက၊ အထွက်နှုန်း (၁၄.၇၀) တင်း၊ အထွက်စုစုပေါင်း (၂၆၁၀၈) တင်းရှိပြီး၊ မိုးနေကြာကို စက်တင်ဘာလမှာပေါ်ပြီး ရိတ်သိမ်းမှုအနည်းငယ်ကျန်ရှိနေသေးကြောင်း၊ ဈေးကွက်အတွင်း နေကြာတစ်ပိဿာလျှင် (၆၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

     ယခု ဒီဇင်ဘာလတတိယပတ်တွင် မြေပဲဆီတစ်ပိဿာလျှင်(၁၅၀၀၀-၁၆၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင်(၁၄၀၀၀-၁၆၀၀၀) ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၁၉၀၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာ လျှင် (၆၂၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၄၃၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၃၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ၊ ယခင်နိုဝင်ဘာလ တတိယပတ်နှင့် ကာလတူနှိုင်းယှဉ်လျှင် မြေပဲဆီ၊ နှမ်းဆီ၊နေကြာဆီဈေးနှုန်းတည်ငြိမ်နေပြီး ၊ မြေပဲဖတ် တစ်ပိဿာလျှင် (၄၅၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၅၀၀) ကျပ် ၊နေကြာဖတ် တစ်ပိဿာလျှင် (၂၀၀) ကျပ်ခန့် ဈေးနှုန်းမြင့် တက်လာကြောင်း ၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဒေသတွင်းဆီကြိတ်ခွဲမှုနည်း၍ ထုတ်လုပ်မှုနည်းပြီး ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်များအား တိရစ္ဆာန်အစာအဖြစ် ဈေးကွက်ဝယ်လိုအားမြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)