ဈေးကောင်းရရှိနေသော ရုံးပတီသီး

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်  အုတ်ဖိုမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကထား၍ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ကာ စီးပွားရေးဖွံ့ဖြိုးလျက်ရှိသော မြို့နယ်ဖြစ်ပါသည်။ ဆန်စပါး၊ မတ် ပဲတို့အဓိကထား၍ စိုက်ပျိုးသည့်အပြင် ရာသီပေါ်သီးနှံများဖြစ်သော ငရုတ်၊ဂေါ်ဖီ၊သခွား၊ ရုံးပတီ၊ ချဉ်ပေါင်တို့ကိုလည်း‌ ဒေသတွင်းစားသုံးရန်သာမက အခြားမြို့နယ်များသို့ တင်ပို့နိုင်သည်အထိစိုက် ပျိုးလျက်ရှိပါသည်။

          အုတ်ဖိုမြို့အတွင်းရှိ လင်းလွန်းပင်ရွာ၊ ဥတိုရွာ၊ ကြက်ဆူတောရွာ၊ နနွင်းကုန်း၊ငါး ရှဉ့်ရိုး၊ သရက်ကုန်း၊ကွေ့ချောင်း ချောင်းနားရွာများသည် ရုံးပတီသီးအများဆုံး စိုက်ပျိုး၍ ဈေးကောင်းရရှိ လျက်ရှိသည်။ ရုံးပတီပင်သည် ရာသီဥတုဒဏ်အကြမ်းခံနိုင်သဖြင့် ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးချိန်မှ သီးနှံဆွတ်ခူးချိန်ထိ ၄၅ရက်ခန့်သာရှိသဖြင့် အချိန်တိုတိုနှင့် ဝင်ငွေရရှိနိုင်ကြောင်း ရုံးပတီသီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ သွင်းအားစုအနေဖြင့် စိုက်ခင်းမြေထွန်ယက်ခ  (၁၆၀၀၀၀)၊ ဘောင်တင်ခ (၁၆၀၀၀၀)ကျပ်၊ စိုက်ပျိုးပင်စိုက်ရန်ကျင်းတူးခ  (၁၅၀၀၀၀)၊ မြက် ကောက်ခ(၁၅၀၀၀၀)ကျပ်၊ အပင်အားဆေး(၂၄၀၀၀၀)ကျပ်၊ အသီးအား ဆေး(၂၄၀၀၀၀ကျပ်)၊ မျိုးစေ့ဘိုး(၈ထုပ်)(၃၆၀၀၀၀)ကျပ်၊ ခူးဆွတ်ခ(၃၅)ကြိမ်အတွက် လုပ်သားခ(၃၅၀၀၀၀)ကျပ်၊ သယ် ယူခ(၃၅ကြိမ်)အတွက်လုပ်သားခ(၁၄၀၀၀၀)ကျပ်၊ ရေသွင်းခြင်းအတွက် (၁၂ကြိမ်) (၁၁၀၀၀၀၀) ကျပ်ကုန်ကျပါသည်။ မျိုးစေ့ဘိုး၊ ဆေးဘိုး၊ ရေသွင်းခ၊ ပေါင်းရှင်းခနှင့် အပင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်ထိ ကုန်ကျစရိတ်    ( ၃၀၅၀၀၀၀)ကျပ်   ကုန်ကျနိုင်ပါသည်။ အောက်တိုဘာလအတွင်းရုံး  ပတီသီး တစ်တောင့်လျှင် ၂၅ကျပ်မှ ၂၈ကျပ်ကြားရရှိပါသည်။ ရုံးပတီသီးကို တစ်ရက်ခြားခူးဆွတ် ရပြီးတစ်ခါခူးဆွတ်လျှင် အတောင့်(၅၀၀၀)ခန့်ဖြင့်(၃၅)ရက် ခန့်ခူးဆွတ်ရပြီး အတောင့်ရေ  (၁၇၅၀၀၀)တောင့်ရပါသဖြင့် တစ်ဧက ဝင်ငွေ(၄၅၅၀၀၀၀)ကျပ်ရရှိပါသည်။ အကျိုးအမြတ် အနေ ဖြင့် တစ်ဧကလျှင်(၁၅၀၀၀၀၀)ကျပ် အမြတ်ဝင်ငွေရရှိနိုင်ပါကြောင်း စိုက်ပျိုးသူတောင်သူတစ်ဦး ၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)