ဘာစမာတီ(Basmati)

Powered by Drupal

       အခု ဆန်ဈေးကွက်မှာ ခေတ်စားလာတဲ့ ဘာစမာတီ(Basmati) ရဲ့အားနည်းချက်၊ အားသာ ချက်တွေကို ပြောပြချင်ပါတယ်၊ အားသာချက်ကတော့ သက်လတ်စပါးမျိုး ရက်(၁၀၀)ဖြစ်ပြီး၊ရေငတ် ဒဏ်ကို အသင့်တင့်ခံနိုင်ပါတယ်၊ ဆီးချိုဆန်လို့လူသိများတဲ့ ဘာစမာတီဆန်က၊ အခြားဆန်တွေထက်  အဆီဓါတ်၊ ကစီဓါတ်နှင့် ကိုလက်စထရော ဓါတ်နည်းတာကြောင့် ဆီးချိုသမားများ၊ ဆီးချို၊သွေးချို  ကာကွယ်လိုသူများ  ကျန်းမာရေးအတွက် ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူတွေ ၊ Gym ဆော့နေတဲ့ အားကစားသမားတွေ ၊စားသုံးသင့်တဲ့ဆန်မျိုးဖြစ်ပါတယ်၊ အဆီဓါတ်နည်းတယ်ဆိုပေမဲ့ မစေးဘူးဆို ပေမဲ့ မကြမ်း၊ မမာ၊ မဖွာပါဘူး၊  ဆန်သားပျော့ပျောင်း နူးညံ့ ကော့လျားရှည်သွယ်ပါတယ်၊ အနံ့မွေးပြီး (ကောက်ညှင်းနဲ့ဆင်ဆင်) ထမင်းစေ့ကရှည်လျားပြီး ကော့စင်းပါတယ်။

          ဘာစမာတီစပါးကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့မှာ စိုက်ပျိုးပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ရွာငံမြို့နယ်၊အလက်ချောင်ကျေးရွာမှာတော့ ဒေသစပါးများအပြင် ဘာစမာတီစပါးများကို ယာမြေများတွင် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်၊ လယ်စပါးဖြစ်သည့် ကျန်းမာရေးနှင့် ကိုက်ညီပြီး ဈေးကွက်ရှိတဲ့ ဘာစမာတီစပါးများကို  ယာမြေတွင်ဖြစ်ထွန်းအောင် စမ်းသပ်စိုက်ပျိုးလာ သည်မှာ (၃) နှစ်ခန့်ရှိပြီး၊ ဒေသစပါးများနှင့် အထွက်နှုန်း ယှဉ်ကြည့်ပါက ဒေသစပါးများထက်အနည်း ငယ်သာလျော့ကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် ဈေးကောင်းရရှိပြီး ဆီးချို၊သွေးချို၊ သမားများအ တွက် စားသုံးရန်သင့်သည့် ဘာစမာတီစပါးမျိုးများကို ယာမြေတွင်လည်း စိုက်ပျိုးနိုင်ပါသည်၊ ယာမြေ များတွင် ဘာစမာတီစပါးများကို စိုက်ပျိုးပါက ဝါဆိုလတွင် စတင်စိုက်ပျိုးပြီး တန်ဆောင်မုန်းလတွင် ရိတ်သိမ်းရပါတယ်။

          ပျှမ်းမျှအားဖြင့် ဘာစမာတီ သက်တမ်းမှာ (၁၄၅) ရက်သာရှိပြီး၊ ယခုနှစ်မှာ ဟဲဟိုးစိုက်ခင်းတွေ မှာတော့၊တစ်ဧကလျှင်အထွက်နှုန်း(၅၀)တင်းမှ(၆၅)တင်းကြားထွက်ရှိကြောင်းသိရပါတယ်၊ ဘာစမာ တီမျိုးစပါးတစ်တင်းကို ကျပ်( ၆၅၀၀ဝိ/-) ဈေးရှိပြီး၊ ကြိတ်ပြီးသား အသင့်စားဆန်တစ်အိတ်လျှင် ကျပ်(၂၄၀၀၀ဝိ/-)မှ ကျပ်နှစ်သိန်းလေးသောင်းကျပ်ဈေးပေါက်နေပါတယ်၊ ရောင်းတန်းဝင်အတွက် (၁၁) တင်းကြိတ်ပါက (၃)အိတ်ထွက်ရှိပြီး၊ အိမ်စားသုံးရန်အတွက်(၁၀)တင်းကြိတ် (၁)အိတ်ထွက်ရှိ              ကြောင်းဟဲဟိုးမှဘာစမာတီစိုက်တောင်သူများထံမှသိရှိရပါတယ်၊သို့ဖြစ်ပါ၍ဈေးကွက်ဝင်ပြီးစားသုံးမှု များလာတဲ့ဘာစမာတီ စပါးမျိုးများကိုစိုက်ပျိုးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

DOCA(ရှမ်း)