“ အမှတ်(၅)ဈေးမှ(၅)ရက်ဈေးနေ့တွင် ဟင်းသီးဟင်းရွက်များနှင့် အသားငါးများ ဈေးနှုန်းချိုသာစွာ ရောင်းချ ”

Powered by Drupal

 

          ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အမှတ်(၅)ဈေးရှိ (၅)ရက်ဈေးနေ့တွင် အခြေခံစားသောက်ကုန် များ၊ အသားငါးများ၊ လျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်များ၊ အိုးခွက်ပုဂံများနှင့်သစ်သီးဝလံများကို ဈေးနှုန်းချိုသာစွာ ရောင်းချသည့်အတွက် ရောင်းသူ/ဝယ်သူများဖြင့် စည်ကားပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

          ပုံမှန်ဈေးတွင် ရောင်းချမှုမရှိသော ငါးပတ်၊ ငါးခူ၊ ငါးရံ့၊ ဇလားဗီးယား၊ ငါးခုံးမနှင့်ငါးအသေး လေးများအား အင်လေး၊ ညောင်ရွှေ၊ အောင်ပန်း၊ ငါးကန်များနှင့်နီးစပ်ရာဒေသများမှ ဈေးနှုန်းချိုသာ စွာဖြင့် လာရောက်ရောင်းချသည့်အတွက် စားသုံးသူများမှ (၅)ရက်ဈေးကို စောင့်မျှော်၍ ဝယ်ယူ စားသောက်ကြကြောင်းသိရှိရပါသည်။

          ဇလားဗီးယားငါးများမှာ အရွယ်အစားပေါ်မူတည်ပြီး(၁)ပိဿာလျှင် (၃၅၀ဝိ/-)ကျပ်မှ (၇၀၀ဝိ/-)ကျပ်အထိ ဈေးနှုန်းရှိကြောင်း၊ ငါးခူး၊ ငါးရံ့၊ ငါးပတ်များမှာ (၁)ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ် မှ (၂၄၀၀ဝိ/-)ကျပ်အထိလည်းကောင်း၊ ငါးအသေးလေးများမှာ (၁)ပိဿာလျှင် (၃၅၀ဝိ/-)ကျပ်မှ (၅၀၀ဝိ/-)ကျပ်အထိရှိကြောင်းသိရှိရပါသည်။ ငါးရံ့ခြောက်၊ ‌ဇလားဗီးယားခြောက်၊ ပုဇွန်ခြောက်များ နှင့် ငါးဆယ်နယ်များလဲ ဈေးနှုန်းချိုကြောင်းသိရှိရပါသည်။

          ဟင်းသီးဟင်းရွက်များလည်း ဈေးနှုန်းချိုသာစွာရောင်းချသည့်အပြင် လတ်ဆက်သည့်အတွက် ဝယ်ယူစားသုံးမှုများကြောင်း၊ မုန်ညှင်းတစ်စည်းလျှင် (၈၀ဝိ/-)ကျပ်၊ မုန်ညှင်းဖြူတစ်ထုပ်လျှင် (၈၀ဝိ/-) ကျပ်၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် (၁၅၀ဝိ/-)ကျပ်မှ (၃၀၀ဝ/-)ကျပ်၊ ဂေါ်လခါးသီးတစ်လုံးလျှင် (၅၀ဝိ/-) ကျပ်၊ဘူးသီးတစ်လုံးလျှင် (၁၀၀ဝိ/-)ကျပ်၊ပဲလိပ်ပြာ(ခ)ပဲစိတ်တို(၁)ဘူးလျှင် (၁၀၀ဝိ/-)ကျပ်၊ ကိုက်လန်ဆိုင်တစ်စည်းလျှင် (၅၀ဝိ/-)ကျပ်၊ ဂေါ်လခါးအညွန့်တစ်စည်းလျှင် (၈၀ဝိ/-)ကျပ်၊ ကန်စွန်း ရွက်တစ်စည်းလျှင် (၅၀ဝိ/-)ကျပ်နှင့် ငှက်ပျောသီးတစ်ဖီးလျှင် (၁၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ်အထိ ရောင်းချကြောင်းသိရှိရပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)