ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုအပတ် ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် အမြင့်ဈေး (၁၆၀၀)ကျပ်ဖြင့် ပြည်ပဝယ်လိုအားရှိသဖြင့် ဈေးကောင်းရနေပြီး စီးဆင်းမှုမှာ ကောင်းနေ ပါသည်။ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁- ၁၁၅၀၀ကျပ်၊ ထူး ၂- ၁၂၅၀၀ကျပ်၊ ထူး ၃- ၁၃၅၀၀ကျပ်၊ ထူး ၄- ၁၄၅၀၀ကျပ်၊ ထူး ၅- ၁၅၅၀၀ကျပ်၊ ထူးလွန်- ၁၆၀၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၅၀၀၀ကျပ် ဈေးရှိနေကြပြီး နောင်တရား၊ တီကျစ်ဘက်မှ တောင်သူလက်ကျန်များ ဝင်ရောက်လာ သဖြင့် အမြင့်ဈေးဖြင့်ငြိမ်နေကာ ဈေးကွက်လိုအပ်ချက်အရ စီးဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။
အာလူးသီးနှံမှာ တစ်ပိဿာလျှင် မျက်နီ S2- ၈၀၀၀ကျပ်၊ S1- ၇၂၀၀ကျပ်၊ OK-၇၀၀၀ကျပ်၊ A1- ၅၀၀၀ကျပ်၊ ဆွဲသီး- ၄၀၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၅၀၀ကျပ် ဈေးရှိနေကြပြီး ယခုရက်ပိုင်းတွင် အာ လူးအဝင်များသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကာ စီးဆင်းမှုမှာ ယခင်အပတ်ထက် ပိုလာပါ သည်။
ချင်းသီးနှံမှာ တစ်ပိဿာလျှင် အခက်ကြီး (၃၅၀၀)ကျပ် နှင့် ဥမမြေနီအလတ်စမှာ (၂၀၀၀-၃၀၀၀)ကျပ်ထိ ဈေးရှိနေကြပြီး အနည်းငယ်နုသဖြင့် ယခင်နှစ်လောက်ဈေးကောင်းမရသော်လည်း အရောင်းအဝယ်ဈေးကွက်ရှိသဖြင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။
ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၁၈၀၀-၂၅၀၀ကျပ်၊ ပန်းမုံလာ ၂၀၀၀-၂၅၀၀ကျပ်၊ ရွှေပဲ ၄၀၀၀- ၅၀၀၀ကျပ်၊ မုန်ညှင်း ၂၀၀၀-၂၅၀၀ကျပ်၊ ဖရုံသီး ၁၆၀၀-၁၈၀၀ကျပ်၊ ခရမ်းသီး ၃၀၀၀-၃၅၀၀ကျပ်၊ ခရမ်းချဉ်ဂွတ်ရှယ်သီး ၅၅၀၀ကျပ်၊ ငြုပ်ပွ ၇၀၀၀-၈၀၀၀ကျပ်၊ မုန်လာဥနီ ၂၃၀၀-၃၀၀၀ကျပ်၊ ဘိုစား ၁၈၀၀-၂၀၀၀ကျပ်ဖြင့် အသီးသီးဈေးပေါက်နေကြပြီး ဂေါ်ဖီ၊ ပန်းမုံလာ၊ ရွှေပဲ၊ ခရမ်းချဉ် နှင့် ငြုပ်ပွသီး နှံတို့မှာ ဈေးကွက်အဝင်များလာ၍ ဈေးနှုန်းကျဆင်းသွားပြီး ကျန်ကုန်စိမ်းသီးနှံများမှာ ဈေးနှုန်းထူး ခြားစွာ ပြောင်းလဲမှုမရှိဘဲ ဈေးကွက်လိုအပ်ချက်အရ အရောင်းအဝယ်ပြုလုပ်နေကြောင်း နှင့် စီးဆင်း မှုမှာ ကောင်းနေပါကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)