အာလူးဈေးနှုန်း အနည်းငယ်ကျးဆင်းလာ

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယ)တွင် အာလူးဈေးနှုန်းများ အနည်းငယ်ကျဆင်းလာ ကြောင်း ဈေးကွက်အတွင်းရှိ ကုန်သည်၊ ပွဲရုံများထံမှ လေ့လာသိရှိရပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်) ပင်လောင်းမြို့နယ်၊ နောင်တရား၊ တီကျစ် ဒေသတို့မှ အာလူးအဝင်များလာသော ကြောင့် အားလူးဈေးနှုန်းကျဆင်းရခြင်းဖြစ်ပါသည်။ ယခုအပတ်တွင် အာလူးဈေးနှုန်းများနေဖြင့် မျက်နီ S2- ၈၀၀၀ကျပ်၊ မျက်နီ S1-၇၀၀၀ ကျပ်၊ OK- ၆၅၀၀ကျပ်၊ A1- ၄၅၀၀ကျပ်၊ ဆွဲသီး- ၃၅၀၀ ကျပ်နှင့် ဂေါ်လီဆိုဒ်- ၂၀၀၀ကျပ်ခန့် ဈေးပေါက်နေကြောင်းနှင့် စီးဆင်းမှုမှာာလည်း ပုံမှန်သာရှိနေ ကြောင်း ဈေးကွက်အတွင်းရှိ ကုန်သည်၊ ပွဲရုံများထံမှ လေ့လာစုံစမ်း သိရှိရပါသည်။

DOCA(ရှမ်း)