ကျိုင်းတုံဂေါ်ဖီထုပ်ဈေးကွက်

Powered by Drupal

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် မိုး သီးနှံဒေသထွက်တစ်မျိုးဖြစ်သော ဂေါ်ဖီထုပ်ကို ရေလုံလောက်စွာရရှိပါက နှစ်စဉ် အိမ်၊ ခြံ၊ မြေ၊ ဥယျာဉ်ခြံများ၌ တစ်နှစ်ပတ်လုံး တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ၂၀၂၄ခုနှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလတွင် ထွက်ရှိသော ဂေါ်ဖီထုပ်သည် ကျိုင်းတုံမြို့မဈေး ကြီးသို့ တစ်ရက်လျင် အထုတ်(၃၀) ပါ ဆာလာအိတ်ပေါင်း (၃၅) အိတ်ခန့် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ကောင်းနေကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည် ထံမှ သိရပါသည်။

          ယခု ဒီဇင်ဘာကာလအတွင်း ကျိုင်းတုံမြို့မဈေးကြီးအတွင်း၌ ရောင်းချသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ တစ်ထုပ် လျင်အကြီးအသေးပေါ်မူတည်၍ တစ်ထုပ်လျင် (၃၅၀၀-၅၀၀၀)ခန့် ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး လက်ကားဈေးနှုန်းမှာ (၃၀၀၀ကျပ်မှ ၄၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိကြောင်း ဝယ်ရောင်းသူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)