မိတ္ထီလာခရိုင်တွင် မိုးစပါးရိတ်သိမ်းနေ

Powered by Drupal

     မိတ္ထီလာခရိုင်တွင် မိုးစပါးအသစ်များစတင် ရိတ်သိမ်းနေရာ စပါးသစ်ဈေးမှာ တင်း(၁၀၀) လျှင် ဒေသပေါက်ဈေး (၂၂) သိန်းရှိကြောင်း သိရသည်။ မိုးစပါးကို မိတ္ထီလာခရိုင်တွင်း ဝမ်းတွင်းမြို့နယ်တွင် အများဆုံးစိုက်ပျိုးကာ စိုက်ပျိုးရာတွင် ဒေသရာသီဥတုနှင့်လျော်ညီသည့် မနောသုခမျိုးကိုအများဆုံး စိုက်ပျိုးကြပါသည်။ မနောသုခမျိုးတွင်လည်း ဆင်းသုခ၊ ဗျော့သုခ၊ဖန်သီးသုခစသည်ဖြင့် အမျိုးအစားများစွာရှိရာ ရာသီဥတုဒဏ်ခံနိုင်ပြီး၊ သက်တမ်းကို (ရက် ၁၂၀/၁၂၅) ဆင်းသုခကို စိုက်ပျိုးမှုများကြောင်း သိရသည်။ ဗျော့သုခ၊ ဖန်သီသုခတို့မှာ သက်တမ်းရှည် (ရက် ၁၄၀) ပြီး မြန်မာနိုင်ငံအောက်ပိုင်းတွင် အစိုက်များပါသည်။ မိတ္ထီလာခရိုင်အတွင်း ယခုအခါ မနောသုခမျိုးအပြင် ဈေးကွက်၌ ဈေးကောင်းရသည့် ဧရာပဒေသာ၊ ပေါ်ဆန်းဘေးကြားတို့ကိုလည်း လွန်ခဲ့သည့် (၂) နှစ် ဝန်းကျင်ကမှစ၍ မိတ္ထီလာကန်ရေရသည့် လယ်များနှင့် ဝမ်းတွင်းမြို့နယ်များမှာ စပါးတင်း (၁၀၀) လျှင် မနောသုခ (သစ်) စက်ကျမှာ (၂၂) သိန်း၊ ပဒေသာ(သစ်)မှာ (၃) သိန်း၊ အနောသုခ (ဟ)မှာ (၂၈) သိန်းနှင့် ပဒေသာ (ဟ)မှာ (၃၇) သိန်းရှိပါသည်။ ဆန်ဈေးအနေနှင့် မနောသုခ (သစ်)မှာ တစ်တင်းခွဲအိတ်တစ်အိတ်လျှင် (၈၀၀၀၀-၈၅၀၀၀) ၊ မနောသုခ (ဟ) တစ်တင်းခွဲအိတ်တစ်အိတ်လျှင် (၉၅၀၀၀-၉၇၀၀၀) ကျပ်ရှိကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)