နတ်တလင်းဒေသထွက်၊ ပြောင်းဖူးကြော်လုပ်ငန်း

Powered by Drupal

               နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဖူးစားပြောင်း(အစို)များကို တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်ရောင်းချရုံမက  ပြောင်းဖူးစေ့အခြောက်များကို တစ်ဆင့်မြှင့်ထုတ်ကုန်အဖြစ် ပြောင်းဖူးစေ့ကြော် လုပ်ငန်းများကိုပါလုပ်ကိုင်၍ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။  နတ်တလင်းမြို့နယ်၊ ကံသာအုပ်စု၊ ဇီးတောကျေးရွာတွင် ပြောင်းဖူးစေ့ကြော်လုပ်ငန်း လုပ်ကိုင်နေမှုအား သွားရောက်မေးမြန်းရာတွင် ပြောင်းဖူးကြော်ပြုလုပ်ရာတွင် လိုအပ်သောပြောင်းဖူးစေ့ အခြောက်များကို နတ်တလင်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်အတွင်းရှိ ပြောင်းစိုက်တောင်သူများထံမှ ပြောင်းဖူးစေ့အခြောက် ၁၈ ပိဿာ တစ်တင်း ငွေကျပ် (၅၅၀၀၀)နှုန်းဖြင့်  ဝယ်ယူရရှိပါကြောင်း၊ လောင်စာအဖြစ်ဖွဲခွံကိုအသုံးပြုပြီး၊ သယ်ယူတင်ပို့ရတွင်အသုံးပြုသော သုံးဘီးဆိုင်ကယ်နောက်တွဲ တစ်စီးလျှင်ငွေကျပ် (၃၀၀၀၀) ပေးရကြောင်း၊ လုပ်ငန်းလည်ပတ်မှုအနေဖြင့် ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောအမှာများပေါ်မှုတည်၍ လုပ်ငန်းလုပ်ကိုင်ရကြောင်း၊ ယခုလက်ရှိ တစ်ရက်လျှင် ပြောင်းဖူး စေ့ ၃ တင်းခန့်ကြော်ပါကြောင်း၊ ပြောင်းဖူးစေ့ကြော်ရန် ပြောင်းဖူးစေ့ကို တစ်ညရေစိမ်၍ အရသာမှုန့်ဆားတို့ကို မျှတအောင်ထည့်၍ ဆီတွင်ထည့်၍ကြော်ရပါသည်။ ပြောင်းဖူးစေ့ ၁တင်း ကြော်မည်ဆိုပါက ပြောင်းဖူးကြော် (၃၅)ပြည် ပြန်လည်ရရှိပြီး ကုန်ကျစရိတ်အနေဖြင့်  (ပြောင်ဖူးစေ့၊ ဆီ၊ ဟင်းခတ်မှုန့်၊ ဆား၊ လောင်စာ၊ အလုပ်သမားခ) အပါအဝင် စုစုပေါင်း ကုန်ကျစရိတ် ငွေကျပ် (၁၅၀၀၀၀)ခန့်ကုန်ကျပါကြောင်း၊ ယခုလက်ရှိ ၂၀၂၄ခု၊ အောက်တိုဘာလဒုတိယပတ်တွင် ပင်ရင်းလက်ကားဒိုင်၌ ပြောင်းဖူးကြော် တစ်ပြည်လျှင် ငွေကျပ် (၄၈၀၀)ကျပ်နှုန်း၊ ဈေးကွက်အတွင်း လက်လီဈေးနှုန်းမှာ နို့ဆီဗူးတစ်ဗူး ငွေကျပ်(၇၀၀)နှုန်းဖြင့် ရောင်းချနေကြောင်းသိရပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းရွာဈေးသည်များ၊ ရန်ကုန်-ပြည် ကားလမ်းဘေးဈေးဆိုင်များနှင့် ပြည်၊ ရန်ကုန်၊ ကြို့ပင်ကောက်မြို့နယ်များသို့ တင်ပို့ရောင်းချနေကြောင်း  ပြောင်းဖူးကြော်လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်တစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)