အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

            အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၅.၅.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၁၁.၅.၂၀၂၂) ရက်နေ့အတွင်း နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းပြာတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ နှမ်းစမုံနက်မှာ ယခင်အပတ် (၁၈၀၀၀ဝိ/-) ယခုအပတ် (၁၇၅၀၀ဝိ/-) (၅၀၀ဝိ/-)ဈေးလျော့၊ ပဲစဉ်းငုံ(နီ)  ယခင်အပတ် (၄၂၈၀ဝိ/-) ယခုအပတ်(၄၂၅၀ဝိ/-) (၃၀ဝိ/-)ဈေးလျော့၊ မတ်ပဲယခင်အပတ်(၄၆၀၀ဝိ/-) ယခုအပတ် (၄၅၅၀ဝိ/-) (၅၀ဝိ/-) ဈေးလျော့၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၄၀၀ဝိ/-) ယခုအပတ်(၃၉၅ဝိ/-) (၅ဝိ/-) ဈေးလျော့၊ ကုလားပဲ(HL) ယခင်အပတ်(၄၄၃၀ဝိ/-) ယခုအပတ်(၄၆၀၀ဝိ/-) (၁၇၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၅၃၀ဝိ/-) ယခုအပတ်(၄၆၀၀ဝိ/-) (၇၀ဝိ/-)ဈေးမြင့်၊ ပဲကြီး ယခင်အပတ်(၆၄၀၀ဝိ/-) ယခုအပတ် (၆၅၀ဝဝိ/-) (၁၀၀ဝိ/-)ဈေးမြင့်ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းပြာ(2၂၀)အိတ်၊ နှမ်းနက်(စမုံ) (၄၃၀)အိတ်၊ နှမ်းဖြူ(၉၅)အိတ်၊ နှမ်းနီ(၂၀၀)အိတ်၊ ပဲစဉ်းငုံ(နီ)(၄၅၀)အိတ်၊ ကုလားပဲ(HL) (၁၃၅၀) အိတ်၊ ကုလားပဲ (မြကြေး)(၉၅၀)အိတ်၊ ပဲကြီး(၇၃၀) အိတ်၊ မတ်ပဲ (၃၉၀)အိတ်၊ မြေပဲလုံးဆံဖြူ (၇၂၀) အိတ်တို့ ဖြစ်ပါသည်။

            ဝါသီးနှံဈေးကွက်အနေဖြင့် အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၅.၅.၂၀၂၂) ယခုအပတ် (၁၁.၅.၂၀၂၂) နေ့အတွင်း အရောင်းအဝယ်မရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)