မုံရွာမြို့နယ်အတွင်း ကြက်သားဈေးနှုန်း အခြေအနေ

Powered by Drupal

  မုံရွာမြို့နယ်တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ဒေသတွင်း စားသုံးမှု များလာ ခြင်းကြောင့် ကြက်သားဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကြောင်း စားသုံးသူပြည်သူ များထံမှ သိရှိရပါသည်။ ကြက်သား တစ်ပိဿာဈေးနှုန်းများအနေဖြင့် မွေးမြူရေး ကြက်သား ဈေးနှုန်း လက်လီဈေး(၂၀၀၀၀/-) ကျပ်၊ လက္ကားဈေး (၁၈၀၀၀/-) ကျပ် ခန့်ဖြစ်ပြီး၊ ဗမာ ကြက်သားဈေးနှုန်းမှာ လက်လီဈေး (၂၅၀၀၀/-  ) ကျပ်ခန့်၊ လက်က္ကားဈေးနှုန်းမှာ (၂၃၀၀၀) ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။ ကြက်သား ဈေးနှုန်းမြင့်တက်လာမှု၏ အကြောင်းအရင်းမှာ ကြက်စာများ ဝယ်ယူရာတွင် သယ်ယူခနှင့် ကြက်စာ ဈေးနှုန်းကြီးမြင့်မှုအပေါ် မူတည်၍ ကြက်သားဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)