“ထောပတ်ပဲဆောင်းများ စိုက်ပျိုးပြီးစီး”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး ရာသီအလိုက်စိုက်ပျိုးသောသီးနှံများအနက် ဝယ်လိုအားရှိသော စားသုံးသူများကြိုက်နှစ်သက်သော ထောပတ်ပဲသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ မြစ်သားမြို့နယ်တွင်ထောပတ်ပဲစိုက်ဧက(၁၆၀) ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ထောပတ်ပဲ(၁)ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါ အဝင် စုစုပေါင်း(၁၅၀၀၀၀-၂၀၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး (၁)ဧကလျှင်ထောပတ်ပဲ( ၄ - ၅ )ပြည် စိုက်ပျိုးရကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ ရစ်ကန်၊ရိုးကန်၊ညောင်ဝန်ရွာများတွင်အများဆုံးစိုက်ပျိုးကြပါသည်။ ထောပတ်ပဲပင်ပြန့်မျိုးများသည် စိုက်ပျိုးပြီး (၆၅)ရက်အကြာတွင်ခူးဆွတ် ရကြောင်း၊ထောပတ်ပဲတိုင်ထောင်မျိုးများသည် ရက်ပေါင်း(၈၀-၉၀)ကြာမှ ခူးဆွတ်နိုင်ကြောင်း၊  မြို့နယ်အတွင်း အများဆုံးစိုက်ပျိုးသောမျိုးမှာ ပင်ပြန့်မျိုးများကိုစိုက်ပျိုးကြပါသည်။အထွက်နှုန်း အနေဖြင့်(၈-၁၀)တင်းထွက်ရှိကြောင်း၊ ယခင်နှစ်အကျိုးအမြတ်အနေဖြင့် ထောပတ်ပဲတစ်တင်းလျှင်(၈၅၀၀၀)ကျပ်ဖြင့် ရောင်းချရသောကြောင့် (၆၅၀၀၀၀)ကျပ်မြတ်ကြောင်း  ၊ ယခုလက်ရှိ ထောပတ်ပဲပေါက်ဈေးအနေဖြင့် တစ်တင်းလျှင်(၉၀၀၀၀/-)ကျပ် ဖြင့်ရောင်ဝယ်လျက်ရှိပါသည်။ ထောပတ်ပဲရောင်းဝယ်မှုအနေဖြင့် မြို့ပေါ်ပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း၊ပွဲရုံများမှတစ်ဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ထောပတ်ပဲစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများဖြစ်သော သွေးတွင်းသကြားဓါတ်ကိုကျစေကြောင်း၊အရိုးတွေ သန်မာစေခြင်း၊ ဆံသားကျန်းမာစေနိုင်သောကြောင့် ထောပတ်ပဲကိုစားသုံးသင့်ပါကြောင်း၊ ထောပတ်ပဲကိုကြော်ပဲစားစား ၊ ချက်ပဲစားစား အရသာစိမ့်သောကြောင့် ထောပတ်ပဲကိုလူများ အများဆုံးစားသုံးကြပါသည်။စိုက်ပျိုးစရိတ်သက်သာပြီး ကျန်းမာရေးနှင့်ညီညွတ်သော၊အကျိုး အမြတ်ဖြစ်ထွန်းသော ထောပတ်သီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။

DOCA(မန္တလေး)