![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/မန်ကျည်းသီး_3.jpg?itok=X-riRBMe)
ကျောက်ပန်းတောင်း၊ရမည်းသင်း၊မြင်းခြံမြို့များမှ ထွက်ရှိသောမန်ကျည်းသီးများသည် ယခုအချိန်တွင်မန်ကျည်းသီးအစိမ်းအဆင့်မှ ကြက်ဆူအဆင့်သို့ ရောက်ရှိချိန်ဖြစ်ပါသည်။ မတ်လပိုင်းလောက်တွင် မန်ကျည်းသီးမှည့် အသစ်များ ထွက်ပေါ်လာတော့မည်ဖြစ်ပါတယ်။
ယခုနှစ်ဒီဇင်ဘာလတွင်မန်ကျည်းသီးမှည့်ဈေးလက်လီ တစ်ပိဿာလျှင် (၁၀၀၀၀-၁၁၀၀၀) ကျပ်ရှိပြီး ယခင်နှစ်ကတစ်ပိဿာဈေးနှုန်းမှာ(၅၀၀၀-၆၀၀၀)ကျပ်ခန့်သာရှိပြီး ယခုနှစ်နှင့်နှိုင်းယှဉ်ပါက (၅၀၀၀)ကျပ်ဝန်းကျင်ခန့် မြင့်တက်လာကြောင်း တွေ့ရပါတယ်။
မန်ကျည်းသီးမှည့်ကို အိမ်ရှင်မများလိုရာအသုံးပြုခြင်းနှင့်မန်ကျည်းသီးမှည့်အဟောင်းများကို ပရဆေးဆိုင်များမှ လေပုတ်ထုတ်ဆေးပြုလုပ်ခြင်း တွင် အဓိကထား အသုံးပြုပြီး အခြားပရဆေးများထုတ်လုပ်ရာတွင်လည်းအသုံးပြုခြင်း၊ မန်ကျည်းသီးမှည့်များကို အဖျော်ယမကာလုပ်ငန်းများ၊မန်ကျည်းတော်ဖီအစရှိသည့် စားသောက်ကုန်လုပ်ငန်းများ၊ အလှကုန်ပစ္စည်းများတွင် အသုံးပြုခြင်းများ များပြားလာခြင်းတို့ကြောင့် မန်ကျည်းသီးမှည့်များ ဈေးကောင်းရလာကြသည့်အတွက်ယခုနှစ်မတ်လပိုင်းတွင် ထွက်ပေါ်လာတော့မည့်မန်ကျည်းသီးမှည့်အသစ်များဈေးနှုန်း မြင့်တက်နိုင်ကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)