မန္တလေး ပဲမျိုးစုံ ဈေးနှုန်း၊ဈေးကွက်

Powered by Drupal

      မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်းမြေပဲကို ဩဂုတ်လတွင်းစိုက်ပျိုးခဲ့ကြပြီး၊ ဒီဇင်ဘာလဆန်းအတွင်း စတင်ထွက်ပေါ်ကာ ဒီဇင်ဘာလကုန်ပိုင်းတွင် လှိုင်လှိုင်ထွက်ပေါ် မည်ဖြစ်ပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် မြေပဲလုံးဆီနီ တစ်ပိဿာလျှင် ၈၄၀၀-၈၅၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

    ပဲတီစိမ်းကို မိုးကုန်ပိုင်းဖြစ်သော ဩဂုတ်၊ စက်တင်ဘာလများတွင် စိုက်ပျိုးခဲ့ကြပြီး၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ဆောင်းပဲတီစိမ်းများ ထွက်ပေါ်လျက်ရှိပါသည်။ မန္တလေး ဈေးကွက်အနေဖြင့် ပဲတီစိမ်းတစ်ပိဿာလျှင် ၄၉၇၈-၅၃၃၃ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

   ဆောင်းကုလားပဲများကို အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးကြသည်။ ယခုအခါ ဆောင်းကုလားပဲများ အောင်မြင်ဖြစ်ထွန်းချိန်ဖြစ်၍ ဖေဖော်ဝါရီလလောက်မှသာ ထွက်ပေါ်မည်ဖြစ်ပါသည်။ ကုလားပဲဈေးနှုန်းများအနေဖြင့် ကုလားပဲ(ဗမာ) တစ်ပိဿာလျှင် ၅၀၆၆ ကျပ်၊ ကုလားပဲထိုင်ဝမ် တစ်ပိဿာလျှင် ၅၀၆၇ ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၅၂၄၀ ကျပ်ဈေးဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)