အောင်လံကုန်စည်ဒိုင်၏ ဒီဇင်ဘာလ(ဒုတိယပတ်)အတွင်း နှမ်းသီးနှံ ဈေးနှုန်းနှင့် ဈေးကွက် အခြေအနေ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် အောင်လံမြို့နှင့် သရက်မြို့ တို့မှထွက်ရှိသည့်နှမ်းသီးနှံများနေ့စဉ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

နှမ်းနက်(စမုံ)

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၂၀၃၃၀၀ မှ၂၁၃၃၀၀)၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၂၀၆၆၀၀ မှ၂၁၆၆၀၀) ရှိခဲ့၍ ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် ယခင်ဒီဇင်ဘာလ ပထမပတ်ထက် (၁)တင်းလျှင် ကျပ်(၃၃၀၀)ဈေးနှုန်းမြင့် တက်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် ဒီဇင်ဘာလ (ဒုတိယပတ်)တွင် တင်းရေ(၂၈၅၀)တင်း တန်အနေဖြင့် (၆၉.၈)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

နှမ်းနီ

နှမ်းနီသီးနှံမှာ (ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)ရှိခဲ့ရာမှ (ဒုတိယပတ်)တွင် ကျပ်(၁၁၁၅၀၀)ရှိခဲ့၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် (၁)တင်းလျှင် ကျပ်(၁၁၅၀၀) ဈေးနှုန်းအမြင့်ဖြင့် တင်းရေ(၇၂၀)တင်း၊ တန်အနေဖြင့် (၁၇.၆၄)တန်ခန့် အရောင်းအဝယ် ရှိခဲ့ကြောင်း သိရသည်။

နှမ်းဖြူ

နှမ်းဖြူမှာ (ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၁၈၃၀၀မှ ၁၂၁၆၀၀)ဈေးနှုန်းရှိခဲ့၍ ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိ တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်အနေဖြင့် (ဒုတိယပတ်)အတွင်း တင်းရေ (၅၁၀)တင်း၊  တန် အနေဖြင့်(၁၂.၅)တန်ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

အောင်လံကုန်စည်ဒိုင်အနေဖြင့် နှမ်းသီးနှံကို (ဒုတိယပတ်)တွင် တင်းရေစုစုပေါင်း (၄၀၈၀) တင်း၊ တန်အနေဖြင့်(၉၉.၉၄)တန်ခန့် အရောင်းအဝယ်ရှိခဲ့ပြီး နှမ်းသီးနှံများကို ရန်ကုန်နှင့် မန္တလေး မြို့ များသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း၊ နှမ်းနီနှင့်နှမ်းဖြူ အချို့တဝက်အနည်းငယ်ကို အောင်လံ မြို့ရှိ ဆီကြိတ်ခွဲရောင်းချသည့် လုပ်ငန်းရှင်များနှင့် ပဲကြော်လုပ်ငန်းရှင်များသို့ တင်ပို့ရောင်းချရခြင်း ဖြစ်ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)