မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ပန်းစိုက်တောင်သူများသည် မေမြို့ပန်း အမျိုးအစားများစွာကို ရာသီမရွေးစိုက်ပျိုးကြသည့်အနက် ယခုဒီဇင်ဘာလအတွင်း မေမြို့ပန်း အမျိုးအစားဖြစ်သော နှစ်ထပ်ဒေလီယာပန်းသည် ဝယ်လိုအားများသောကြောင့် ဈေးကောင်းရရှိလျက်ရှိပါသည်။
နှစ်ထပ်ဒေလီယာပန်းစိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ နွားချေး၊ ဓာတ်မြေဩဇာ၊ နိုက်ထရိုဂျင်နှင့် လုပ်အားခများအပါအဝင် တစ်ဧကလျှင် ကျပ်သိန်းငါးဆယ်ခန့်ကုန်ကျပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ပျမ်းမျှအစီးရေ(၄၀၀၀)ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပန်းပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ယခုလဈေးကွက်ပေါက်ဈေးအနေဖြင့် တစ်စီးလျှင်ကျပ်(၁၂၀၀၀/-)ဝန်းကျင်ခန့် ရရှိကြောင်း သိရှိရပါသည်။ယခင်မိုးတွင်းကာလထက် ယခုဆောင်းတွင်းကာလတွင် ဈေးကောင်း ပိုမိုရရှိ၍ အကျိုးအမြတ်ရရှိကြောင်း ဒေသခံပန်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)