![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ဂျင်း.jpg?itok=QGLPc5FO)
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်တွင် ဒေသထွက် ဂျင်းများ ဈေးနှုန်းကျဆင်း နေကြောင်း သိရှိရသည်။ အောင်ပန်းမြို့ ဂျင်းဈေးကွက်မှာ (၂၀၂၄) ခုနှစ် အစပိုင်းတွင် ဈေးကောင်း သော်လည်း ယခု နှစ်ကုန်ပိုင်းတွင် ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း သိရသည်။
ဟဲဟိုး၊ ပင်းတယ နှင့် နောင်တရားတို့ဘက်တွင် ဂျင်းကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ထွက်ရှိလာ သော ဂျင်းများကို အောင်ပန်းမြို့ရှိ ကုန်ပွဲရုံသို့လာရောက်ရောင်းချကြကြောင်းသိရှိရသည်။ ဂျင်းဈေး နှုန်းမှာ ပျှမ်းမျှ ပွဲရုံဈေး(လက်ကားဈေး) (၂၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်ရှိပြီး လက်လီဈေး (၃၀၀၀) ကျပ်မှ (၄၀၀၀) ကျပ်အထိ အမျိုးအစား၊ နေရာဒေသပေါ်မူတည်ပြီး ကွဲပြားကြောင်းလည်း သိရှိရသည်။
ရှမ်းပြည်နယ်အတွင်းဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် တိုက်ပွဲအခြေအနေများကြောင့် အချို့နယ်စပ်ဂိတ်များမှာ ပိတ်ပင်ထားပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းမရှိသည့်အပြင် အခြားပြည်ပ ဝယ်လိုအားလည်းလျော့နည်းလာသောကြောင့် ဂျင်းဈေးနှုန်းမှာ ကျဆင်းနေပြီး ရှမ်းတောင်သူများ တွက်ခြေကိုက်မှုနည်းပါးနေကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(ရှမ်း)